
နေပြည်တော် ဇူလိုင် ၁၂
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန် တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၆၄၂ ဒသမ ၁၃ သန်း၊ နယ်စပ်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၆၇ ဒသမ ၀၅ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၀၉ ဒသမ ၁၈ သန်း ဖြစ်ပါ သည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၃၁ ဒသမ ၄၅ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂၃၄ ဒသမ ၁၆ သန်းနှင့် စုစုပေါင်းသွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၆၅ ဒသမ ၆၁ သန်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မေလအတွက် စုစုပေါင်းကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂၇၄ ဒသမ ၇၉ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ ၂၅၆ ဒသမ ၄၃ သန်း ဖြစ်ပေါ်ခဲ့ပါသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာလမှ မေလအထိ မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၁၇၇ ဒသမ ၄၇ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၄၆၄၉ ဒသမ ၆၄ သန်းနှင့် စုစုပေါင်းပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၉၈၂၇ ဒသမ ၁၁ သန်း ဖြစ်ပါသည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၂၄၂ ဒသမ ၄၈ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၈၀ ဒသမ ၃၈ သန်းနှင့် စုစုပေါင်းသွင်းကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၀၁၂၂ ဒသမ ၈၆ သန်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ အောက်တိုဘာလမှ မေလအထိ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၉၄၉ ဒသမ ၉၇ သန်း ဖြစ်ပြီး စုစုပေါင်းကုန်သွယ်မှုလိုငွေမှာ အမေရိကန် ဒေါ်လာ၂၉၅ ဒသမ ၇၅ သန်း ဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့မှ လစဉ်တင်ပြသော ပို့ကုန်၊သွင်းကုန်အခြေအနေ အစီရင်ခံစာ အရ သိရှိရပါသည်။
သတင်းစဉ်