၂၀၁၉ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး  ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန်  ကျန်ရှိသော ကုမ္ပဏီများအား အသိပေးခြင်း 

 

 

၂၀၁၉ ခုနှစ်အတွင်း   ပို့ကုန်တင်ပို့ခဲ့ပြီး   ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအရ ပို့ကုန်ရငွေများအား မိမိပို့ကုန်ရငွေ ဝင်ရောက် ခဲ့သည့် ဘဏ်များနှင့် ဆက်သွယ်စာရင်းရှင်းလင်းရန် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များ အသင်းချုပ် (UMFCCI) မှတစ်ဆင့် ဆက်သွယ် အကြောင်းကြား ထားပြီးဖြစ်ပါသည်။
ဘဏ်များနှင့် ဆက်သွယ်စာရင်း  ရှင်းလင်းရန် ကျန်ရှိသည့် ကုမ္ပဏီများ (အသေးစိတ် စာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ Website – www.cbm.gov.mm  တွင်    ကြည့်ရှုနိုင်ပါသည်။) အနေဖြင့် ယခုကြေညာသည့်နေ့မှစ၍ သတ်မှတ်ကာလ ရက်ပေါင်း (၃၀) အတွင်း စာရင်းရှင်းလင်းခြင်းမရှိပါက စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများအရ  လည်းကောင်း၊   နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု  ဥပဒေပါ     ပြဋ္ဌာန်းချက်များအရလည်းကောင်း    ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်