၂၀၁၇ ခုနှစ်မှစကာ ပထမဆုံးအကြိမ် ဟွာဆောင်း-၁၂ အမျိုးအစား  ပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယား စမ်းသပ်ပစ်လွှတ် 

 

 

ဆိုးလ်   ဇန်နဝါရီ   ၃၁ 
မြောက်ကိုရီးယားသည်     တာလတ်ပဲ့ထိန်း ဒုံးကျည်တစ်စင်းကို  ဇန်နဝါရီ  ၃၀  ရက်က ပစ်လွှတ်ခဲ့ကြောင်း      အတည်ပြုပြောကြား လိုက်သည်။ 
အာဏာရအလုပ်သမားပါတီ သတင်းစာ ရိုဒွန်ဆင်မွန်သတင်းစာက   ဟွာဆောင်း-၁၂ အမျိုးအစား   ဒုံးကျည်ကို    နိုင်ငံ၏ အနောက် မြောက်ပိုင်းဒေသမှ      ပင်လယ်ဘက်ဆီသို့ ပစ်လွှတ်လိုက်ရာ အခါတိုင်းထက်ပိုပြီး လိုချင် သောနေရာသို့      ဖြောင့်မတ်၊      မြင့်မားသော လမ်းကြောင်းအတိုင်း ပစ်လွှတ်နိုင်ခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်က ဖော်ပြခဲ့သည်။ 
စမ်းသပ်ပစ်လွှတ်မှုသည်  တိကျ၊ လုံခြုံ၊   ထိရောက်မှုရှိကြောင်း   အဆိုပါသတင်းစာ တွင် ဆက်လက်ဖော်ပြထားသည်။ 
ဟွာဆောင်း-၁၂   အမျိုးအစား   ပဲ့ထိန်း ဒုံးကျည်သည် ကီလိုမီတာ ၅၀၀၀ ထိ အမြင့် တွင်  ပျံသန်းခဲ့ကြောင်းနှင့် အမေရိကန်ပိုင်နက် ဂူအမ်အထိ ပစ်ခတ်နိုင်ကြောင်း ဖော်ပြခဲ့သည်။ 
ဇန်နဝါရီ  ၃၀  ရက်      ပစ်လွှတ်စမ်းသပ်မှု သည်   ၂၀၁၇  ခုနှစ်  စက်တင်ဘာလကမှစပြီး ဟွာဆောင်း-၁၂    အမျိုးအစား    ဒုံးကျည်ကို ပထမဆုံးအကြိမ်      စမ်းသပ်ပစ်လွှတ်ခြင်း ဖြစ်သည်။ 
မြောက်ကိုရီးယားနိုင်ငံသည်  တာလတ် ပဲ့ထိန်းဒုံးကျည်ကို မြောက်ပိုင်း ဂျာဂန်ပြည်နယ် မှ ပင်လယ်ဆီသို့  အဆိုပါနေ့ အစောပိုင်းက       ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက် က ဇန်နဝါရီ ၃၀ ရက်က ပြောကြားလိုက်သည်။ 
မြောက်ကိုရီးယား၏     ယခုတစ်ကြိမ်     ဒုံးကျည်စမ်းသပ် ပစ်လွှတ်မှုအပါအဝင် ယခုနှစ် အတွင်း ခုနစ်ကြိမ်မြောက် ဒုံးကျည်စမ်းသပ် ပစ်လွှတ်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား      စစ်ဘက်က ပြောကြားလိုက်သည်။ 
အင်န်အိတ်ချ်ကေ