
နေပြည်တော် အောက်တိုဘာ ၁
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့ အင်အားဦးစီးဌာနသည် နိုင်ငံတော်အစိုးရနှင့် ဌာနဆိုင်ရာအဖွဲ့ အစည်းအသီးသီးမှ နိုင်ငံတော်၏မူဝါဒများ၊ စီမံကိန်းများ ရေးဆွဲ ချမှတ်ရာတွင် အခြေခံအသုံးပြုနိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နှစ်အလိုက် ခန့်မှန်းလူဦးရေစာရင်းအား နှစ်စဉ်ထုတ်ပြန်ပေးလျက် ရှိသည်။
ယင်းစာရင်းများထုတ်ပြန်ရာတွင် ၂၀၁၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦး ရေကို အခြေခံ၍ ခန့်မှန်းတွက်ချက်ထားရာ ဘဏ္ဍာရေးနှစ် ပြောင်းလဲ ပြင်ဆင်သတ်မှတ်ချက်အရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၏ ကြား ကာလဖြစ်သော ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင်ရှိသည့် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ (၅၅.၃) သန်းဖြစ်ပြီး အဆိုပါ နေ့ရက်တွင်ရှိသည့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ခန့်မှန်း လူဦးရေစာရင်းမှာ အောက်ပါအတိုင်းဖြစ်ကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ ထုတ်ပြန်ထားသည်-
တိုင်းဒေသကြီး/ ပြည်နယ် (၁-၁၀-၂၀၂၁) ရက်နေ့ရှိ ခန့်မှန်းလူဦးရေ (သန်းပေါင်း)
ကျား မ စုစုပေါင်း
ကချင်ပြည်နယ် ၁.၀ ၁.၀ ၂.၀
ကယားပြည်နယ် ၀.၂ ၀.၁ ၀.၃
ကရင်ပြည်နယ် ၀.၈ ၀.၈ ၁.၆
ချင်းပြည်နယ် ၀.၃ ၀.၂ ၀.၅
သတင်းစဉ်