
နေပြည်တော် အောက်တိုဘာ ၅
တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၉)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံ များ၌ ကျင်းပလျက်ရှိရာ ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီ တွင် ဝမ်ကျိုးမြို့ Wenzhou Dragon Boat Center ၌ နဂါးလှေ (Dragon Boat) အမျိုးသား/အမျိုးသမီး မီတာ ၅၀၀ (၁၂)တက် လှော်ပြိုင်ပွဲများကို ဆက်လက် ကျင်းပရာ ပြိုင်ပွဲမစတင်မီ မြန်မာ နိုင်ငံ အိုလံပစ်ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမျိုးလှိုင်နှင့် အုပ်ချုပ်မှု အဖွဲ့သည် ပြိုင်ပွဲဝင်အားကစား သမားများကို ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးစကား ပြော ကြားသည်။
ယင်းနောက် အမျိုးသမီး မီတာ ၅၀၀ (၁၂) တက်လှော် ပြိုင်ပွဲ ပွဲစဉ်တွင် ပြိုင်ပွဲဝင် ကိုးသင်း ဝင်ရောက်ယှဉ်ပြိုင်ရာ(အောက်ပုံ) တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ နှင့် မြန်မာအသင်းက တတိယ ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ကြေး တံဆိပ်ဆု ဆွတ်ခူးရယူပေးနိုင် ခဲ့သည်။
အမျိုးသား မီတာ ၅၀၀ (၁၂) တက်လှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂ သင်း ဝင်ရောက်ယှဉ်ပြိုင် ရာ တရုတ်အသင်းက ပထမ၊ အင်ဒိုနီးရှားအသင်းက ဒုတိယ၊ ထိုင်းအသင်းက တတိယရရှိခဲ့ကြ ပြီး မြန်မာအသင်းက အဆင့်(၅)နေရာရရှိခဲ့သည်။
အလားတူ ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပ သည့် ပိုက်ကျော်ခြင်းပြိုင်ပွဲ အမျိုးသားသုံးယောက်တွဲ အုပ်စု ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ဖိလစ်ပိုင်အသင်းက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ တွင် အမျိုးသမီး သုံးယောက် အုပ်စုပွဲစဉ်အဖြစ် မြန်မာအသင်း နှင့် တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ တောင်ကိုရီး ယားအသင်းက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် အမျိုးသားသုံးယောက်တွဲ အုပ်စု ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား ကြရာ ထိုင်းအသင်းက နှစ်ပွဲ ပြတ်ဖြင့် လည်းကောင်း အနိုင် ရရှိခဲ့ကြသည်။
အောက်တိုဘာ ၆ ရက် ပွဲစဉ် များတွင် မြန်မာနိုင်ငံမှ ပိုက်ကျော် ခြင်းအားကစားနည်း အမျိုးသား သုံးယောက်တွဲ အုပ်စုပွဲစဉ်များ အဖြစ် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် အိန္ဒိယအသင်းနှင့် လည်းကောင်း၊ အမျိုးသမီး သုံးယောက်တွဲ အုပ်စုပွဲစဉ်အဖြစ် နံနက် ၁၀ နာရီတွင် ထိုင်းအသင်း နှင့်လည်းကောင်း ယှဉ်ပြိုင်ကစား ကြမည်ဖြစ်ပြီး နံနက် ၉ နာရီတွင် နဂါးလှေလှော် (Dragon Boat) အားကစားနည်း အမျိုးသား မီတာ ၁၀၀၀ (၁၂) တက်လှော်ပြိုင်ပွဲ နှင့် အမျိုးသမီး မီတာ ၁၀၀၀ (၁၂) တက် လှော်ပြိုင်ပွဲများတွင် လည်း ဆက်လက်ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်