
ရန်ကုန် စက်တင်ဘာ ၂၂
၂၀၂၃ခုနှစ် စက်တင်ဘာ ၂၃ ရက်မှအောက်တိုဘာ ၈ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုး မြို့တွင် ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အတူ အုပ်ချုပ်မှုအဖွဲ့ ခြောက်ဦး၊ ဝူရှူးအားကစား နည်းမှ ဒုတိယဥက္ကဋ္ဌနှင့် နည်းပြ တစ်ဦး၊ အမျိုးသား အားကစားသမား သုံးဦး၊ အမျိုးသမီးအားကစား သမား သုံးဦး၊ တိုက်ကွမ်ဒိုအားကစားနည်းမှ အုပ်ချုပ်/နည်းပြတစ်ဦးနှင့် အမျိုးသားအားကစား သမား တစ်ဦးတို့သည် ယနေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် တရုတ်နိုင်ငံသို့ ထွက်ခွာသွားရာ မြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူး Mr.Pan Feng ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ် ဦးဌေးအောင် နှင့် အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များက ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ လိုက်လံပို့ဆောင် နှုတ်ဆက်ကြ သည်။
(၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် အမျိုးသား ဘောလုံး/ အမျိုးသမီးဘောလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒို၊ လှေလှော်၊ E-Sports ၊ မြားပစ်၊ ပိုက်ကျော်ခြင်း အားကစားနည်း ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်က အမျိုးသား ဘောလုံးအသင်း၊ စက်တင်ဘာ ၁၉ ရက်က အမျိုး သမီးဘောလုံးအသင်း၊ စက်တင်ဘာ ၂၁ ရက်က မြန်မာ E-Sports(AOV) အသင်းတို့ ထွက်ခွာသွား ခဲ့ကြပြီး ဆက်လက်၍ စက်တင်ဘာ ၂၄ ရက်တွင် မြန်မာE-Sports(PUBGM) အသင်း၊ စက်တင်ဘာ ၂၆ ရက်တွင် မြန်မာE-Sports(Dota-2) အသင်း၊ စက်တင်ဘာ ၂၉ ရက်တွင် မြားပစ်နှင့် ပိုက်ကျော်ခြင်း အသင်း၊ အောက်တိုဘာ ၂ ရက်တွင် လှေလှော်အသင်း တို့ ဆက်လက်ထွက်ခွာသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်