
ရန်ကုန် မေ ၂၅
မြန်မာနိုင်ငံ စာရင်းကောင်စီက ကြီးမှူးကျင်းပသည့် (၁၉) ကြိမ် မြောက် လက်မှတ်ရပြည်သူ့ စာရင်းကိုင်နှင့် ဒီပလိုမာစာရင်း ကိုင် အောင်လက်မှတ်ပေးအပ် ခြင်းနှင့် ဆုချီးမြှင့်ခြင်း အခမ်း အနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ရှိ အဆင့်မြင့်စာရင်း ကိုင်နှင့် စာရင်းစစ်သင်တန်း ကျောင်း နဝဒေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ဒုတိယစာရင်း စစ်ချုပ်၊ တိုင်းဒေသကြီး စီးပွား ရေးရာဝန်ကြီးနှင့် လူမှုရေးရာ ဝန်ကြီး၊ ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ စာရင်းကောင်စီဝင်များ၊ မြန်မာ နိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းဥက္ကဋ္ဌ၊ နာယက နှင့် အလုပ်အမှုဆောင်များ၊ ကိုယ်ပိုင်စာရင်းကိုင် သင်တန်း ကျောင်းများမှ တာဝန်ရှိသူများ၊ သင်တန်း ကထိကများနှင့် အောင် လက်မှတ် လက်ခံယူကြမည့် သင်တန်းသားများ တက်ရောက် ကြပြီး ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက Online ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုစာရင်း စစ်ချုပ်က မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုရေးအတွက် ၁၉၇၂ ခုနှစ်မှစ၍ အရည်အချင်း ပြည့်မီသော စာရင်းပညာရှင်များ၊ စာရင်းပညာ ကျွမ်းကျင်သူများကို စဉ်ဆက်မပြတ် မွေးထုတ်ပေး လျက်ရှိရာ ယနေ့အောင်လက်မှတ် ရရှိသူများအပါအဝင် လက်မှတ်ရ ပြည်သူ့စာရင်းကိုင် အောင်လက် မှတ်ရရှိသူ ၂၇၄၁ ဦးနှင့် ဒီပလိုမာ စာရင်းကိုင် အောင်လက်မှတ်ရရှိ သူ ၄၇၉၃ ဦး ရှိပြီဖြစ်ကြောင်း၊ အောင်လက်မှတ် ရရှိပြီးသူများ အနေဖြင့် မိမိတို့၏အရည်အချင်း ကို တိုးတက်အောင် ဘက်စုံ၊ ထောင့်စုံမှ ကြိုးစားကြစေလို ကြောင်း၊ စာရင်းလုပ်ငန်းနှင့် ပတ် သက်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း များကို လေ့လာမှတ်သား၍ မိမိ တို့၏ လုပ်ငန်းခွင်တွင် ပြန်လည် အသုံးချခြင်း၊ ချမှတ်ထားသည့် စာရင်းပညာရပ်ဆိုင်ရာ ကျင့်ဝတ် များကို လိုက်နာစောင့်ထိန်းခြင်း တို့ဖြင့် စာရင်းပညာရှင် လူတော် လူကောင်းများ ဖြစ်စေရေး ကျင့်ကြံနေထိုင်ကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က သင်တန်း သားများအနေဖြင့်လည်း မိမိတို့ တတ်ကျွမ်းခဲ့သည့် စာရင်းပညာ ရပ်များကို အရည်အချင်းပြည့်ဝ စွာ၊ ကျင့်ဝတ်သိက္ခာနှင့်အညီ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ့အကျိုး သယ်ပိုးနိုင်သည့် နိုင်ငံ့သားကောင်း များဖြစ်စေရေး ကြိုးစားကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယ စာရင်းစစ်ချုပ်၊ ရန်ကုန်တိုင်း ဒေသကြီး စီးပွားရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူ များက လက်မှတ်ရပြည်သူ့စာရင်း ကိုင် သင်တန်းသားများနှင့် ဒီပလိုမာ စာရင်းကိုင် သင်တန်းသားများကို ထူးချွန်ဆုနှင့် အောင်လက်မှတ် များ ပေးအပ်ချီးမြှင့်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်သည် ဒုတိယစာရင်း စစ်ချုပ်၊ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ် ချုပ်ရုံး မြပန်းအိုင်ခန်းမ၌ ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ စာရင်း စစ်ရုံးဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကားပြောကြားပြီး ရန်ကုန် တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ ဌာနခွဲများ၊ စာကြည့်တိုက်နှင့် ဝန်ထမ်းအိမ်ရာများသို့ လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စု စာရင်းစစ်ချုပ်သည် မြန်မာနိုင်ငံ စာရင်းကောင်စီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ စာရင်းကောင်စီ အလုပ်အမှု ဆောင် အစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်ခဲ့ကြောင်း သိရ သည်။ သတင်းစဉ်