(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်  စက်တင်ဘာ  ၂၂


တရုတ်နိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံ          ကျင်းပလျက်ရှိသည့်  (၁၉)   ကြိမ်မြောက်       အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံ က    အားကစားနည်း   ခုနစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။


ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယခုနှစ်သို့ ရွှေ့ဆိုင်းကျင်းပသည့် အာရှအားကစားပြိုင်ပွဲတွင် အာရှ အိုလံပစ်ကောင်စီ          အဖွဲ့ဝင်နိုင်ငံ  ၄၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး အားကစားနည်း ၄၀ တွင် ရွှေတံဆိပ်စုစုပေါင်း ၄၈၁ ခု ချီးမြှင့်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ဘောလုံး (အမျိုးသား၊ အမျိုးသမီး)၊ ဝူရှူး၊ ပိုက်ကျော်ခြင်း၊ ရိုးရာလှေ၊ မြားပစ်၊ တိုက်ကွမ်ဒိုနှင့် Esports အားကစားနည်းတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းအားကစားနည်းများအနက်  ဘောလုံး အမျိုးသားနှင့် အမျိုးသမီးအသင်းမှာ ပြိုင်ပွဲများယှဉ်ပြိုင်နေပြီဖြစ်ပြီး ကျန်အားကစားအဖွဲ့များမှာ လာမည့်ရက်ပိုင်းအတွင်း စတင်ယှဉ်ပြိုင်ရ မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ယခင်က အားကစားနည်း ငါးမျိုး တွင်သာ ယှဉ်ပြိုင်ရန် စီစဉ်ထားသော်လည်း နှစ်မျိုးထပ်တိုးလာခြင်း ဖြစ်ပြီး အားကစားနည်းခုနစ်မျိုးတွင် အဖွဲ့ဝင်စုစုပေါင်း ၁၇၀ ကျော်ဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ မြန်မာအားကစားအဖွဲ့များအနေဖြင့် ယခုနှစ်အတွင်း ဆီးဂိမ်းပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲကို တစ်နှစ် တည်း ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရခြင်းဖြစ်ပြီး (၃၂) ကြိမ်မြောက်ဆီးဂိမ်း ပြိုင်ပွဲတွင်   ရွှေတံဆိပ်ရခဲ့သည့်  ဝူရှူး၊ ပိုက်ကျော်ခြင်းနှင့် ရိုးရာလှေ အားကစားနည်းများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။


မြန်မာအားကစားအဖွဲ့သည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ၂၀၁၈ အင်ဒိုနီးရှား အာရှအားကစားပြိုင်ပွဲတွင် ကြေးတံဆိပ်နှစ်ခုသာရရှိခဲ့ပြီး ဝူရှူးနှင့် ပိုက်ကျော်ခြင်းအားကစားနည်းတွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။


သတင်း-ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး