
နေပြည်တော် အောက်တိုဘာ ၇
(၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော် ပိတ်ပွဲအခမ်းအနားကို တရုတ်နိုင်ငံ ဟန်ကျိုးမြို့ Hangzhou Sports Park Stadium တွင် အောက်တိုဘာ ၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကျင်းပမည်ဖြစ်သည်။
ယင်းအခမ်းအနားကျင်းပပုံများကို MRTV – HD Channel နှင့် မြန်မာ့အသံ ရေဒီယိုတို့တွင် ည(၈)နာရီသတင်းမတိုင်မီအထိ လည်းကောင်း၊ MRTV Farmers’ Channel ၊ MRTV Parliament Channel၊ MRTV Sports Channel၊ MRTV App: နှင့် Social Media တို့တွင် ပိတ်ပွဲအခမ်းအနား အစအဆုံးကို လည်းကောင်း တိုက်ရိုက် Live ပြသပေးမည်ဖြစ်သည်။
သတင်းစဉ်