(၁၇) ကြိမ်မြောက် အာဆီယံ−တရုတ် ကုန်စည်ပြပွဲ (CAEXPO) သို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း ဗီဒီယိုမိန့်ခွန်းပေးပို့

 

 

နေပြည်တော် နိုဝင်ဘာ ၂၇

 

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်း မြို့၌ ယနေ့ ကျင်းပသည့် (၁၇) ကြိမ် မြောက် အာဆီယံ - တရုတ် ကုန်စည် ပြပွဲ စားပွဲဝိုင်းဆွေးနွေးပွဲသို့ ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ဗီဒီယိုမိန့်ခွန်း ပေးပို့ခဲ့သည်။

အဆိုပါမိန့်ခွန်းတွင် ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး အစီအမံများနှင့် ပတ်သက်၍လည်းကောင်း၊ မြန်မာ နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။

 

 

အာဆီယံ − တရုတ်ကုန်စည်ပြပွဲ (CAEXPO) ကို ၂၀၀၄ ခုနှစ်မှစတင်၍ ကျင်းပခဲ့ပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ပြည်သူ အချင်းချင်း ဆက်နွှယ်မှုတိုးမြှင့်ရန် အတွက် အရေးပါသည့် အစီအစဉ် တစ်ခုဖြစ်သည်။ ယင်းဆွေးနွေးပွဲများ သည် အာဆီယံနိုင်ငံများနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရန်ရည်ရွယ်သည်။

ယခုနှစ်ပြပွဲ၏ ဆောင်ပုဒ်မှာ “ရပ်ဝန်းနှင့် ပိုးလမ်းမ တည်ဆောက် ရေးနှင့် ဒစ်ဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်း ခိုင်မာစေရေး” (Building the Belt and Road, Strengthening Digital Economy Cooperation) ဟူ၍ ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာလုပ်ငန်းရှင် ကုမ္ပဏီများအနေ ဖြင့် ယခုနှစ် ကုန်စည်ပြပွဲသို့ သွားရောက်ပြသနိုင်ခြင်း မရှိသော် လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင် ရောက်ရှိနေသော မြန်မာလုပ်ငန်း ရှင်များက မြန်မာ့ထွက်ကုန် နမူနာ ပစ္စည်းများကို မြန်မာသံရုံး (ပေကျင်း)နှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး (နန်နင်း) တို့၏ ပူးပေါင်းကူညီမှုများဖြင့် စုစု ပေါင်း ပြခန်း ၂၈ ခန်းအထိ ပါဝင်ပြသ လျက်ရှိသည်။

ထို့ပြင် အာဆီယံနိုင်ငံများမှ လုပ်ငန်းများအတွက် အွန်လိုင်းပြပွဲ တစ်ရပ်ကိုလည်း တစ်ပြိုက်နက်တည်း ခင်းကျင်းထားရှိပြီး မြန်မာနိုင်ငံမှ ကုန်စည်ပြခန်းပေါင်း ၃၆ ခန်း ပါဝင် ပြသထားကာ တစ်နှစ်ပတ်လုံး ပြသ ပေးသွားမည်ဖြစ်သည်။

ယခုနှစ် ကျင်းပသည့် ကုန်စည် ပြပွဲတွင် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှုကို ဖော်ဆောင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

 

သတင်းစဉ်