
နေပြည်တော် မတ် ၇
(၁၆) ကြိမ်မြောက် အာဆီယံ မူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှု မှုလုပ်ငန်းကွန်ရက် အစည်းအဝေး ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ၍ ထိုင်းနိုင်ငံ၊ မူးယစ် ဆေးဝါး ထိန်းချုပ်ရေးအဖွဲ့ (ONCB) နှင့် ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေး ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
အထောက်အပံ့ကောင်းများရရှိ
အစည်းအဝေးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ဒုတိယ တပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ကျော် ဟန်က အာဆီယံမူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်း ကွန်ရက်သည် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ အချိန် နှင့်တစ်ပြေးညီ စုဆောင်းခြင်း၊ သုတေသနပြုခြင်းနှင့် အဖွဲ့ဝင် နိုင်ငံများသို့ သတင်းအချက်အလက် များ ပြန်လည်ဝေမျှပေးသဖြင့် အဖွဲ့ဝင်နိုင်ငံများမှ ရှေ့ဆက်လက် အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် မူးယစ် ဆေးဝါး တားဆီးကာကွယ်ရေး လုပ်ငန်းများအတွက် လွန်စွာမှ အထောက်အပံ့ကောင်း များစွာ ရရှိသော ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း။
ယနေ့ကမ္ဘာပေါ်ရှိ နိုင်ငံအများစု တွင် လူလုပ်မူးယစ်ဆေးဝါး ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်း ဝယ်မှုများသည် ပိုမိုကြီးထွား ကျယ်ပြန့်လာခဲ့ပြီး သုံးစွဲသူဦးရေ လည်း များပြားလျက်ရှိသည်ကို တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ လူလုပ် မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကအရင်းအမြစ်သည် ပရီ ကာဆာ ဓာတုပစ္စည်းများ ဖြစ်ပါ ကြောင်း၊ ပရီကာဆာဓာတုပစ္စည်း များသည် တရားမဝင်လမ်းကြောင်း များမှတစ်ဆင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာ နေရာများသို့ ဝင်ရောက်လျက် ရှိကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး ထုတ် လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် ပရီကာဆာ ထိန်းချုပ်ရေးကို အဖွဲ့ဝင်နိုင်ငံများက အဓိကဦးစား ပေးဆောင်ရွက်ရမည် ဖြစ်ပါ ကြောင်း၊ အာဆီယံ မူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်း ကွန်ရက်အစီရင်ခံစာသည် ဒေသ တွင်း မူးယစ်ဆေးဝါးထုတ်လုပ် သုံးစွဲမှုကို အဓိကထားပြီး အာဆီယံ ၏ မူးယစ်ဆေးဝါး အခြေအနေ များကို ကျယ်ပြန့်စွာသုံးသပ် ဖော်ပြခြင်း၊ မူးယစ်ဆေးဝါးအသစ် များ၊ လူလုပ်မူးယစ်ဆေးဝါးအသစ် များ၏ နောက်ဆုံးအခြေအနေများ ကို ဖော်ပြထားခြင်းဖြင့် အဖွဲ့ဝင် နိုင်ငံများ၏ အခြားသတင်း မှတ်တမ်းနှင့် သတင်းဖလှယ်မှုကို ASEAN-Narco ဝက်ဘ်ဆိုက်မှ ရယူနိုင်ခြင်းကြောင့် အလွန်အကျိုး ကျေးဇူးများစွာ ရရှိပါကြောင်း ပြောကြားသည်။
သုံးစွဲမှုပပျောက်ရေး
အစည်းအဝေးသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး သန်းအေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ် များနှင့် အာဆီယံအတွင်းရေးမှူး ရုံးမှ ကိုယ်စားလှယ်များ တက် ရောက်ကြပြီး အာဆီယံမူးယစ် ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းကွန်ရက်၏ ယခင်ဆောင် ရွက်ပြီး လုပ်ငန်းများနှင့် အောင်မြင် မှုများအပေါ် ပြန်လည်သုံးသပ် ခြင်းဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ မူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှု မှုကွန်ရက်အစီရင်ခံစာ အချက် အလက်ပြုစုမှုစနစ်နှင့် ပတ်သက် သည့် ကိစ္စရပ်များ၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု လျှော့ချရေး၊ သုံးစွဲမှု ပပျောက်ရေးနှင့် စီမံခန့်ခွဲရေး ဆိုင်ရာ ကိစ္စရပ်များ၊ အာဆီယံ မူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှု မှုကွန်ရက်၏ လုပ်ငန်းစီမံချက် ၂၀၂၄ - ၂၀၂၅ နှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။
အခက်အခဲများကိုဖြေရှင်းရန်
အာဆီယံ မူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်း ကွန်ရက်ကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အာဆီယံ မူးယစ်ဆေးဝါး စောင့်ကြပ်ကြည့်ရှု မှု လုပ်ငန်းကွန်ရက် အစည်း အဝေးများကို ကျင်းပရခြင်းသည် အာဆီယံနိုင်ငံများ၏ မူးယစ် ဆေးဝါး စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းအစီရင်ခံစာတွင် ထည့် သွင်းထားသည့် အချက်အလက် များကို ပြန်လည်စိစစ်ရန်၊ online စနစ်အသုံးပြုပြီး အချက်အလက် များ ဖြည့်သွင်းရာတွင် တွေ့ကြုံ ရသည့် အခက်အခဲများကို ဝိုင်းဝန်း ဆွေးနွေးဖြေရှင်းရန်၊ အဖွဲ့ဝင် နိုင်ငံများအချင်းချင်း မူးယစ် ဆေးဝါးဆိုင်ရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နှင့် မိမိတို့၏ သတင်းအချက် အလက်များ မျှဝေဖလှယ်နိုင်ကြ ရန်အတွက် ရည်ရွယ်ကျင်းပရခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်