­(၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ်တီထွင်မှုဖိုရမ် ဒုတိယနေ့ ဆက်လက်ကျင်းပ

 

ဆိုချီ     မတ်    ၂၇
(၁၃) ကြိမ်မြောက် နျူကလီးယားနည်းပညာအခြေခံသည့် ဆန်းသစ် တီထွင်မှုဖိုရမ် (၂၀၂၄) (XIII International Forum ATOM-EXPO 2024) ဒုတိယနေ့ကို  မတ်  ၂၆  ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ  ဆိုချီမြို့၌     ဆက်လက်ကျင်းပသည်။
အပြန်အလှန်မေးမြန်းဆွေးနွေး
ဖိုရမ်ဒုတိယနေ့တွင် စွမ်းအင်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဒစ်ဂျစ်တယ် ကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍ၊  ဂေဟဗေဒကဏ္ဍ၊ ကျန်းမာရေး   စောင့်ရှောက်မှုကဏ္ဍ၊   သိပ္ပံနည်းပညာကဏ္ဍ၊  ပညာရေးကဏ္ဍဆိုင်ရာ ဆန်းသစ်တီထွင်မှု  စကားဝိုင်းဆွေးနွေးပွဲများကိုကျင်းပပြီး နယ်ပယ် အသီးသီးမှ     ကျွမ်းကျင်ပညာရှင်များက     ဦးဆောင်ဆွေးနွေးကြကာ တက်ရောက်လာကြသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။
နျူကလီးယားစီမံကိန်းဆိုင်ရာဆွေးနွေး
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲများတွင် နိုင်ငံတကာစွမ်းအင် လိုအပ် ချက်  အကျပ်အတည်းကို ဖြေရှင်းနိုင်မှု၊ အလိုအလျောက် ဆောင်ရွက် သည့်စနစ်နှင့်   ထိန်းချုပ်ရေးစနစ်များ၊  ဓာတ်ရောင်ခြည်  နည်းပညာ ဆိုင်ရာ  တပ်ဆင်မှုများနှင့်  ထုတ်လုပ်မှုများ၊  နျူကလီးယားစွမ်းအင်ကို       ငြိမ်းချမ်းစွာ  အသုံးပြုခြင်းနှင့်   စက်မှုလုပ်ငန်း  ဖန်တီးခြင်းဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်နှင့်    လူမှုဘဝထိခိုက်မှုမရှိဘဲ    နိုင်ငံစီးပွားရေး တိုးတက်မှုကဏ္ဍတွင် အထောက်အကူပြုပုံနှင့် ပညာရေးနှင့် အလုပ် အကိုင်  အခွင့်အလမ်းများရရှိနိုင်မှု၊ နျူကလီးယားနည်းပညာကို အခြေခံ သည့်   အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး   ဦးတည်ချက်များ၊   ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှုပမာဏလျော့ကျရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအသစ်များ၊  ဓာတ်ရောင်ခြည်သုံးနည်းပညာများ၊ စားနပ်ရိက္ခာ ဖူလုံရေး၊   စွမ်းအင်လုံခြုံရေး၊   သတင်းအချက်အလက်နှင့်ဆိုက်ဘာ လုံခြုံရေး၊   ကျန်းမာရေးစောင့်ရှောက်မှု၊     စီးပွားရေးလုပ်ငန်းများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြား ဟန်ချက်ညီအောင် ဆောင် ရွက်ရမည့် ကိစ္စရပ်များ၊ နျူကလီးယား အခြေခံအဆောက်အအုံများ တည်ဆောက်မှုအတွက် ပြင်ဆင်ရန်လိုသည်များနှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သင့်သည်များ၊ နျူကလီးယား အခြေခံအဆောက်အအုံနှင့် နျူကလီးယားစီမံကိန်းဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ATOMEXPO FORUM ကို ၂၀၀၉ ခုနှစ်ကစတင်၍ နှစ်စဉ်ကျင်းပ ခဲ့ပြီး နိုင်ငံတကာနျူကလီးယား  အဖွဲ့အစည်းများဖြစ်သော IAEA  နှင့်   ဥရောပ၊   လက်တင်အမေရိက၊  အာရှနှင့်  အာဖရိကနိုင်ငံအသီးသီးမှ      အလေးထား တက်ရောက်သော Forum တစ်ခုဖြစ်သည်။ Nuclear   Power  မှ  ကာဗွန်ဒိုင်အောက်ဆိုက် လျှော့ချရေးနှင့် Green Energy သို့ အသွင်ကူပြောင်းရေး  ရည်မှန်းချက်ကိုလည်း   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။                          သတင်းစဉ်