
ရန်ကုန် ဇွန် ၆
ဇွန် ၁ ရက်မှ ၉ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပလျက်ရှိသည့် (၁၃)ကြိမ် မြောက် အာဆီယံကျောင်းသား အားကစားပြိုင်ပွဲတွင် မြန်မာ ဗိုဗီနမ် အားကစားအဖွဲ့ ရွှေ နှစ်ခု၊ ငွေတစ်ခု၊ ကြေးလေးခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရ သည်။
အဆိုပါပြိုင်ပွဲ၌ (အမျိုး သမီး) တစ်ကိုယ်တော် လက် သိုင်းအပြပြိုင်ပွဲတွင် မယွန်း လဝန်းအိမ်ရွှေက ရွှေတစ်ခု၊ အမျိုးသမီးတစ်ဦးနှင့် အမျိုး သားသုံးဦး လက်နက်ဖြင့် အပြ ပြိုင်ပွဲတွင် မနွေးလွန်းထက်၊ အောင်ပြည့်စုံနိုင်၊ ကျော်ဇောရှင် နှင့် ပြည့်စုံအောင်တို့အတွဲက ရွှေတစ်ခု၊ (အမျိုးသား) 54.0-60.0kg အတိုက်ပြိုင်ပွဲတွင် မောင်ဝေယံကျော်က ငွေတစ်ခု၊ (အမျိုးသမီး) 45.0 - 50.9 kg ပြိုင်ပွဲတွင် မယွန်းပန်းသဇင်အောင်၊ (အမျိုးသား) တစ်ကိုယ်တော် လက်သိုင်း အပြပြိုင်ပွဲတွင် မောင်နိုင်အောင်ရွှေ၊ (အမျိုးသမီး နှစ်ယောက်တွဲ) ဓားအတိုက်အပြ ပြိုင်ပွဲတွင် မဇင်လဲ့ဖြူနှင့် ကြယ်စင်လွင်တို့အတွဲ၊ (အမျိုး သား လေးယောက်တွဲ) လက်နက် မဲ့အပြပြိုင်ပွဲတွင် မင်းခန့်နိုင်၊ နိုင်အောင်ရွှေ၊ ပြည့်စုံအောင်နှင့် ကျော်ဇောရှင်တို့အတွဲက ကြေး တစ်ခုစီရရှိခဲ့ပြီး စုစုပေါင်း ဆု တံဆိပ်ခုနစ်ခု ဆွတ်ခူးရရှိခဲ့ ကြောင်း သိရသည်။ အာကာစိုး