(၁၂) ကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ အားကစားသမား ၈၂ ဦးက အားကစားနည်း ရှစ်မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်

 

တွေ့ဆုံမေးမြန်း - 
သတင်းအဖွဲ့

ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ ကျင်းပမည့် အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများ၊ ကြိုတင်ပြင်ဆင်လေ့ကျင့် ဆောင်ရွက်နေမှုများ၊ မသန်စွမ်းအားကစားသမားမျိုးဆက်သစ်များ ရှာဖွေလေ့ကျင့်ပေးရမှုအခြေအနေများ၊ ပြိုင်ပွဲမျှော်မှန်းချက်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ မသန်စွမ်းသူ များ အားကစားအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်အား တွေ့ဆုံမေးမြန်းမှုကို ဖော်ပြအပ်ပါသည်။
မေး    ။    မြန်မာမသန်စွမ်း     အားကစား
        သမားတွေ  အခုလာမယ့်  ဇွန်လ မှာ   ကျင်းပမယ့်   12th  ASEAN  Para Games ကို သွားရောက်ယှဉ်ပြိုင်ရာမှာ အားကစားနည်း   ဘယ်နှမျိုး   ယှဉ်ပြိုင် ကြမလဲ၊   ဘယ်ကစားနည်းတွေဆိုတာ သိလိုပါတယ်။
ဖြေ    ။    (၁၂)   ကြိမ်မြောက်     အာဆီယံ
        မသန်စွမ်းသူများ   အားကစား ပြိုင်ပွဲ (12th ASEAN Para Games)ကို   ဇွန်လ ၃ ရက်နေ့ကနေ  ၉ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ      ဖနောင်ပင်မြို့မှာ ကျင်းပပြုလုပ်မှာ   ဖြစ်ပါတယ်။  ယခင် (၁၁)ကြိမ်မြောက် အာဆီယံ Para Games မှာ   အားကစားနည်း    ၁၄   မျိုးဖြစ်ပြီး မြန်မာက ခုနစ်မျိုး ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီနှစ် (၁၂) ကြိမ်မြောက် အာဆီယံ Para Games မှာလည်း ပါဝင်တဲ့  အားကစား နည်း ၁၄ မျိုးအနက် ရှစ်မျိုးကို သွားရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီကစားနည်း  ရှစ်မျိုးကတော့   ပြေးခုန်ပစ်၊   ရေကူး၊ ဘောလုံး၊  ဘော်လီဘော၊  Goal  Ball ၊ အလေးမ၊ စားပွဲတင်တင်းနစ်နှင့် စစ်တုရင် တို့ပဲဖြစ်ပါတယ်။
မေး    ။    မသန်စွမ်းအားကစားနည်းတွေ 
        မှာ မသန်စွမ်းမှု သတ်မှတ်ချက် အဆင့်တွေခွဲခြားပြီး        အဆင့်တူသူ အချင်းချင်းသာ  ယှဉ်ပြိုင်ရတယ်လို့ သိရ ပါတယ်။ မြန်မာနိုင်ငံမှာရော မသန်စွမ်းမှု အဆင့်သတ်မှတ်ချက်၊    စစ်ဆေးမှုများ ဆောင်ရွက်ပါသလား။
ဖြေ    ။    မှန်ပါတယ် မသန်စွမ်းအားကစား
        နည်းတွေမှာ ဆိုင်ရာကစားနည်း အလိုက် မသန်စွမ်းမှုအဆင့်တွေ သတ်မှတ် ပြီး   အဆင့်တူသူချင်းပြိုင်ရသလို  ပူးတွဲ ပြိုင်ရခြင်း၊   အသင်းဆိုရင်  သတ်မှတ် ဖွဲ့စည်းမှုပုံစံအတိုင်း   ဖွဲ့စည်းယှဉ်ပြိုင် ရခြင်းတွေ   ဖြစ်ပါတယ်။   မြန်မာနိုင်ငံမှာ တော့    မျိုးဆက်သစ်ကစားသမားရော ကစားသမားဟောင်းများကိုပါ လေ့ကျင့်မှု ဆောင်ရွက်နေချိန်မှာ မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းများကို စစ်ဆေးမှုပြုလုပ်ပြီး သတ်မှတ်ပေးပါတယ်။      အဖွဲ့ချုပ်မှာ International Classifier ပညာရှင်များ၊ ဆရာဝန်များရှိတဲ့အတွက် အဖွဲ့နဲ့ ကစား သမားအားလုံးကို   ဆိုင်ရာကစားနည်း အလိုက် မသန်စွမ်းမှုအဆင့်များ စစ်ဆေး သတ်မှတ် ဆောင်ရွက်နိုင်ပါတယ်။
မေး    ။    မသန်စွမ်းအားကစားနည်းတွေ
        အတွက် မျိုးဆက်သစ်မသန်စွမ်း ကစားသမားတွေ ရှာဖွေလေ့ကျင့်ပေးရမှု အခြေအနေတွေကိုလည်း သိလိုပါတယ်။
ဖြေ    ။    သာမန်လူတွေ     ကစားနိုင်တဲ့ 
    အိုလံပစ်   ကစားနည်းတွေအတွက် မျိုးဆက်သစ်ကစားသမားတွေကို ရှာဖွေ ရာမှာ ဆိုင်ရာကစားနည်းအလိုက် ကျင်းပ တဲ့ပြိုင်ပွဲကြီးတွေနဲ့     တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ်တွေကနေ  အားကစား ပြိုင်ပွဲတွေမှာ ရှာဖွေနိုင်ပေမယ့်၊ မသန်စွမ်း အားကစားနည်းများအတွက် မသန်စွမ်း ကစားသမား  မျိုးဆက်သစ်ရှာဖွေရာမှာ အလွန်ခက်ခဲပါတယ်။ မသန်စွမ်းမှုဖြစ်သူ တွေကို ကနဦးစုံစမ်းရပါတယ်။ မသန်စွမ်း အားကစားတွေအတွက်    ကစားနိုင်တဲ့ မသန်စွမ်းမှု အမျိုးအစားတွေက ကိုယ်အင်္ဂါ (ခြေ/လက်)   စွန့်လွှတ်ထားရသူ/ မသန် စွမ်းသူ၊    ပိုလီယိုဖြစ်သူ၊   သူငယ်နာ အကြောတင်းဖြစ်သူ၊         အမြင်အာရုံ ချို့ယွင်းသူများပဲ     ဖြစ်ပါတယ်။   ဒီလို မသန်စွမ်းသူတွေကို    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊    ကျန်းမာရေးဝန်ကြီး ဌာန၊    ကာကွယ်ရေးဝန်ကြီးဌာနတို့မှာ ရှိတဲ့   သက်ဆိုင်တဲ့ဌာနတွေ၊  စစ်ဘက်/ အရပ်ဘက်ရှိ မသန်စွမ်းမှုနဲ့ ပတ်သက်တဲ့ ဆေးရုံတွေ၊     မျက်မမြင်ကျောင်းတွေ၊ အခြားမသန်စွမ်းမှုဆိုင်ရာ     အရပ်ဘက် အဖွဲ့အစည်းတွေကို ဆက်သွယ်ပြီး ရှာဖွေ ရပါတယ်။ 
ရှာဖွေတွေ့ရှိရင်လည်း    ကိုယ်တိုင် သွားရောက်စစ်ဆေးခြင်း၊   ကြည့်ရှုခြင်း များပြုလုပ်ပြီး မသန်စွမ်းသူကိုယ်တိုင်က စိတ်ပါဝင်စားမှုရှိရမှာဖြစ်သလို    မိဘ အုပ်ထိန်းသူများရဲ့       စိတ်ပါဝင်စားမှု၊ လိုက်ရောနိုင်မှု၊   ခွင့်ပြုပေးနိုင်မှုများကို ရရှိအောင်    စည်းရုံးရပါတယ်။   အားလုံး အဆင်ပြေရင်တော့      မသန်စွမ်းသူရဲ့ အသက်အရွယ်နဲ့  သန်စွမ်းမှု အခြေအနေ တွေ၊ ကိုက်ညီမယ့် ကစားနည်းတွေ ချိန်ဆ ရပါတယ်။   ကစားနည်းနဲ့   ကိုက်ညီမယ့် မျိုးဆက်သစ်ကစားသမားတွေကို ခေါ်ယူ ပြီး   ကစားနည်းအလိုက်  နည်းပြဆရာ တွေက အခြေခံကနေ စပြီးလေ့ကျင့်ပေး ခဲ့ရပါတယ်။ 
မေး    ။    ပြိုင်ပွဲအတွက် စတင်စခန်းသွင်း
        လေ့ကျင့်မှု   အခြေအနေတွေ၊ ပြိုင်ပွဲသွားရောက်ဖို့         နောက်ဆုံး လက်ရွေးစင်ရွေးချယ်မှု အခြေအနေတွေ ကိုလည်း ရှင်းပြပေးပါဦးခင်ဗျာ။
ဖြေ    ။    မျိုးဆက်သစ်ကစားသမားတွေနဲ့
        အတူ   ယခင်နှစ်က  ရွေးချယ် ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားလူဟောင်းတွေ ကို   ၂၀၂၂   ခုနှစ်  အောက်တိုဘာလက စတင်ပြီး ကစားနည်းအလိုက် နည်းပြချုပ်၊ နည်းပြ၊  အကူနည်းပြ   စုံစုံလင်လင်နဲ့ လေ့ကျင့်မှုတွေ   ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၂   ခုနှစ်   နိုဝင်ဘာလကုန်မှာတော့ မျိုးဆက်သစ်ထဲကနေ     လေ့ကျင့်မှုအရ ဖြစ်နိုင်ခြေမရှိသူတွေကို  ပြန်လည်စေလွှတ် ခဲ့ပါတယ်။   တိုးတက်မှုရှိပြီး  ဖြစ်နိုင်ခြေ ရှိတဲ့သူတွေကိုပဲ   ဆက်လက်လေ့ကျင့်ပေး ခဲ့ပါတယ်။   ကစားနည်းအလိုက်  ကစား သမားတစ်ဦးချင်းအလိုက်   တိုးတက်မှု အခြေအနေကို အပတ်စဉ်၊ လစဉ် ဆန်းစစ် မှုများ ပြုလုပ်စိစစ်ခဲ့ပါတယ်။ 
သုံးလလောက်    လေ့ကျင့်မှုတွေ ဆောင်ရွက်ပြီး  အပြီးသတ်လူရွေးချယ်မှု ကိုတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်မှာ ပြုလုပ်ခဲ့ပါတယ်။   ကစားနည်းအလိုက် စံချိန်ယူခြင်း၊ လိုအပ်တဲ့ ကစားနည်းတွေ မှာ  Third Party အဖွဲ့နဲ့  စံချိန်ယူစိစစ်ခြင်း၊ အသင်းလိုက်ကစားနည်းအတွက်  ကစား သမားတွေရဲ့   တိုးတက်မှု၊   ကျွမ်းကျင်မှု အခြေအနေတွေအပေါ်        စိစစ်ခြင်း၊ ယခင်နှစ်ပြိုင်ပွဲကနေ   ပထမ၊   ဒုတိယ၊ တတိယစံချိန်တွေနဲ့ ချိန်ထိုးစိစစ်ခြင်းနဲ့  စိစစ်ရွေးချယ်ခဲ့ပါတယ်။    နောက်ဆုံး အဖွဲ့ချုပ်ရဲ့  EC Meeting မှာ အသေးစိတ် ဆွေးနွေးအတည်ပြုရွေးချယ်ပါတယ်။
လေ့ကျင့်ရေးကွင်းအနေနဲ့ ရန်ကုန် မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း (၂၉)ရပ်ကွက် ပြည်ထောင်စု   လမ်းမကြီးဘေးမှာရှိတဲ့ မြန်မာနိုင်ငံ      မသန်စွမ်းအားကစား လေ့ကျင့်ရေးစခန်းမှာ     ကစားနည်း ရှစ်မျိုးစလုံး စခန်းသွင်းလေ့ကျင့်ပါတယ်။ ဒါပေမယ့် အချို့လိုအပ်တဲ့ လေ့ကျင့်ချိန်၊ စံချိန်ယူ      ပြိုင်ပွဲပြုလုပ်ချိန်တွေမှာ လက်ရှိလေ့ကျင့်ကွင်းတွေက စံချိန်စံညွှန်း လိုအပ်ချက်ရှိနေတဲ့အတွက် ပြေးခုန်ပစ် အနေနဲ့ဆိုရင်    ကျိုက္ကဆံကွင်း/  တောင် ဥက္ကလာကွင်းမှာ၊   ရေကူးအနေနဲ့ဆိုရင် မြောက်ဒဂုံရေကူးကန်မှာ    သွားရောက် လေ့ကျင့်စံချိန်ယူပါတယ်။   ကြီးကြပ်မှု အနေနဲ့    ကစားနည်းတစ်ခုစီက   EC တစ်ဦးစီက   အမြဲအနီးကပ်ကြီးကြပ်ပြီး နည်းပြချုပ်၊    နည်းပြ၊   အကူနည်းပြ   ပြည့်ပြည့်စုံစုံနဲ့         လေ့ကျင့်မှုတွေ ဆောင်ရွက်စေပါတယ်။
မေး    ။    ကစားသမားတွေ        နေထိုင်
        စားသောက်ရေးအတွက်   စီမံ ဆောင်ရွက်ပေးတာကိုလည်း        သိလို ပါတယ်။
ဖြေ    ။    ကစားသမားတွေအတွက် နေ့စဉ်
        စားသောက်စရိတ်   တစ်ဦးကို  ကျပ် ၅၀၀၀ နှုန်းနဲ့  လေ့ကျင့်ရေးပစ္စည်း၊ ဝတ်စုံစရိတ်၊    လေ့ကျင့်ရေးအထောက် အကူပစ္စည်းတွေကို အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနက  ထောက်ပံ့ပေးပါ တယ်။ ပြည်ပကနေမှာယူရပြီး တန်ဖိုးများ တဲ့    သတ္တုနဲ့ပြုလုပ်ထားတဲ့   ခြေတုနဲ့  ဆက်စပ်ပစ္စည်းတွေအတွက် ကုန်ကျငွေ ကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနကပဲ ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ  ကျန်းမာရေးအတွက် ဆေးဝါးတွေ၊   အားဆေးတွေကိုလည်း ထောက်ပံ့ပေးပါတယ်။ ထပ်မံလိုအပ်တဲ့ အချို့အင်အားပြည့်   ဖြည့်စွက်စာတွေ၊ လေ့ကျင့်ရေးပစ္စည်းတွေ၊   လေ့ကျင့်ရေး အထောက်အကူပစ္စည်းတွေ၊ ဖြည့်စွက် အားဆေးတွေအတွက် အဖွဲ့ချုပ်ရန်ပုံငွေ ကနေ ကျခံသုံးစွဲပြီး အားကစားလေ့ကျင့် မှုမှာ  အခက်အခဲမဖြစ်စေရေး အာဟာရ ပြည့်ဝစွာ     စားသောက်နိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်။
ပြိုင်ပွဲဝင်ဝတ်စုံတွေ၊    ပြိုင်ပွဲဝင် အထောက်အကူပြုပစ္စည်းတွေ၊ ပြိုင်ပွဲဝင် ကုန်ကျစရိတ်၊   လေယာဉ်ခရီးစဉ် စတဲ့ ကုန်ကျစရိတ်တွေ (EURO ၊ US ၊ Baht ၊ ကျပ်) အတွက် နိုင်ငံတော်ရဲ့ ခွင့်ပြုချက်နဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန က ထောက်ပံ့ပေးပါတယ်။
မေး    ။    အဖွဲ့ချုပ်တစ်ခုတည်းက   အား
        ကစားနည်းများစွာ၊ ကစားသမား များစွာကို စီမံခန့်ခွဲဆောင်ရွက်နေရတဲ့ အတွက် အခက်အခဲများစွာ ရှိနိုင်တယ်လို့ သုံးသပ်မိပါတယ်၊     ဘယ်လိုစီမံခန့်ခွဲ ဆောင်ရွက်နေတယ်ဆိုတာလည်း သိရှိ လိုပါတယ်။
ဖြေ    ။    မြန်မာနိုင်ငံ    မသန်စွမ်းသူများ
        အားကစားအဖွဲ့ချုပ်ကို ၁၉၈၉-၉၀ ကတည်းက စတင်ဖွဲ့စည်း ခဲ့ပါတယ်။ မသန်စွမ်းသူတွေနဲ့       ပတ်သက်တဲ့ အရပ်ဘက်/ စစ်ဘက်ရှိ သက်ဆိုင်ရာဌာန များမှ တာဝန်ရှိသူများ၊ မသန်စွမ်းမှုဆိုင်ရာ လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ မသန်စွမ်းနဲ့ သက်ဆိုင်တဲ့ ဆေးရုံတွေက  ဆရာဝန်ကြီးတွေ၊ အငြိမ်းစားဆရာဝန် ကြီးတွေ၊  မသန်စွမ်းအားကစားသမား ဟောင်းတွေ၊   မသန်စွမ်းသူကစားသမား တွေရဲ့    မိဘတွေ၊  ပြင်ပက မသန်စွမ်း အားကစားကို   စိတ်ပါဝင်စားသူတွေ၊ လုပ်ငန်းရှင်တွေနဲ့   ဖွဲ့စည်းထားပါတယ်။ 
အဖွဲ့ချုပ်ဥက္ကဋ္ဌရဲ့      ဦးဆောင်မှုနဲ့  ဒုတိယဥက္ကဋ္ဌ(စီ/မံ)၊       ဒုတိယဥက္ကဋ္ဌ (လေ့ကျင့်ရေး)၊  ဒုတိယဥက္ကဋ္ဌ(ကျန်းမာ ရေး)၊   ဒုတိယဥက္ကဋ္ဌ   (ပြည်ပရေးရာ)၊ ဒုတိယဥက္ကဋ္ဌ(ဘဏ္ဍာရေး)၊ ဆေးမှူးချုပ်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ အားကစားနည်းအလိုက် တာဝန်ခံ EC တွေ၊ ဆေးမှူး၊ စခန်းမှူး စတဲ့အသေးစိတ် တာဝန်တွေ        ခွဲဝေကြီးကြပ်လျက် အားကစား      အောင်မြင်ရေးအတွက် လေ့ကျင့်   ဆောင်ရွက်လျက်ရှိပါတယ်။ အထူးသဖြင့် ကစားနည်းအလိုက် တာဝန်ခံ EC နဲ့ နည်းပြချုပ်တွေက နေ့စဉ်လေ့ကျင့် မှု ဆောင်ရွက်ချက်တွေကို အမှုဆောင် ကော်မတီကိုတင်ပြခြင်း၊ အခါအားလျော်စွာ EC  Meeting   မှာ  ဆွေးနွေးခြင်းဖြင့် ကြီးကြပ်ပါတယ်။
မေး    ။    နောက်ဆုံးအနေနဲ့     ယခုသွား
        ရောက်မယ့်   အာဆီယံ   Para Games   ကို    သွားရောက်ယှဉ်ပြိုင်မယ့် အုပ်ချုပ်မှုအဖွဲ့၊    ကစားနည်းအလိုက် အုပ်ချုပ်သူ၊    နည်းပြ၊   ကစားသမား အရေအတွက် အင်အားစာရင်းနဲ့  ပြိုင်ပွဲ မျှော်မှန်းချက်ကို ပြောပြပေးပါ။
ဖြေ    ။    မသန်စွမ်းကစားသမားတွေအနေ
        နဲ့ “မသန်လည်းလူ၊ သန်လည်း လူ၊    စွမ်းဆောင်မှုသာအဓိက”  ဆိုတဲ့ ခံယူချက်အတိုင်း ဆုတံဆိပ်တွေရရှိရေး၊ မျှော်မှန်းချက်ထား   လေ့ကျင့်နေကြပါ တယ်။ ယခင်ပြိုင်ပွဲဖြစ်တဲ့  (၁၁) ကြိမ် မြောက်   ASEAN   Para  Games  မှာ အုပ်ချုပ်မှုအဖွဲ့ဝင်၊ နည်းပြ  ၄၁ ဦး၊ ကစား သမား ၆၉ ဦး စုစုပေါင်း ၁၁၀ နဲ့  ကစား နည်းခုနစ်မျိုး   ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေ ၁၄ ၊  ငွေ ၁၂ ၊ ကြေး ၁၇ စုစုပေါင်း ဆုတံဆိပ် ၄၃ ခုနဲ့  အောင်မြင်မှုရရှိခဲ့ပါ တယ်။ ဒီနှစ်မှာတော့ အုပ်ချုပ်မှုအဖွဲ့ဝင်၊ နည်းပြ     ၄၄   ဦး၊  ကစားသမား ၈၂ ဦး စုစုပေါင်း ၁၂၆ ဦးနဲ့  ကစားနည်း ရှစ်မျိုး သွားရောက်ယှဉ်ပြိုင်မှာ      ဖြစ်ပါတယ်။ ဒီနှစ်မှာလည်း အနိမ့်ဆုံးအဖြစ် ယခင်နှစ် ကရရှိခဲ့တဲ့ ဆုတံဆိပ်ထက်မလျော့စေဘဲ ရွှေတံဆိပ်တွေ ပိုမိုရရှိရေး၊ အားကစားနဲ့  နိုင်ငံဂုဏ်သိက္ခာ မြှင့်တင်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်း လေ့ကျင့်ဆောင်ရွက် လျက်ရှိပါကြောင်း ပြောလိုပါတယ်။
ဟုတ်ကဲ့    အခုလို  သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။