(၁၂) ကြိမ်မြောက် အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာမသန်စွမ်းအားကစားအဖွဲ့ထွက်ခွာ

 

ရန်ကုန်   မေ  ၃၁
ကမ္ဘောဒီးယားနိုင်ငံ  ဖနောင်ပင်မြို့ ၌   ဇွန်  ၃ ရက်မှ ၉ ရက်အထိ ကျင်းပမည့်  (၁၂)  ကြိမ်မြောက် အာဆီယံ      မသန်စွမ်းသူများ အားကစားပြိုင်ပွဲသို့    ဝင်ရောက် ယှဉ်ပြိုင်ရန်    မြန်မာမသန်စွမ်း အားကစားအဖွဲ့သည် ယနေ့မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ က ရန်ကုန်မြို့မှ မြန်မာအမျိုးသား     လေကြောင်း လိုင်း (စင်းလုံးငှား) လေယာဉ်ဖြင့် ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာ သွားရာ    ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်         ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီး များ၊    ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး    ဗိုလ်ချုပ်   ဇော်ဟိန်း၊ အားကစားနှင့် ကာယပညာဦးစီး ဌာန  အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်)     ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး     ဦးအောင်နိုင် ဆွေ၊    ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်      ကာယပညာ ဦးစီးဌာန       ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့်   တာဝန်ရှိပုဂ္ဂိုလ် များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ   လေဆိပ်၌        ပို့ဆောင်နှုတ်ဆက် ကြသည်။ 
ပြိုင်ပွဲသို့   ဖိတ်ကြားခံပုဂ္ဂိုလ် အဖြစ်          တက်ရောက်မည့် ကာကွယ်ရေး            ဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြန်လည်နေရာချထားရေး  ညွှန် ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံ    မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ် လှမိုးနှင့်အတူ  ဖိတ်ကြားခံပုဂ္ဂိုလ် လေးဦး၊     မြန်မာအားကစားအဖွဲ့ ခေါင်းဆောင် ငွေ၊ ကြေး စီမံခန့်ခွဲ ရေးဌာန   ဗဟိုဘဏ် ညွှန်ကြားရေး မှူးချုပ် ဦးဝင်းမြင့် ဦးဆောင်သော နည်းပြ/ အုပ်ချုပ်သူများ၊  ဒိုင်လူ ကြီးများနှင့် မသန်းစွမ်းအားကစား သမားများ   စုစုပေါင်း   ၁၂၆   ဦး လိုက်ပါသွားကြသည်။ 
ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင် မြို့၌             အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင်         မြန်မာ အားကစားအဖွဲ့အနေဖြင့်  ပြေးခုန် ပစ်၊ ရေကူး၊ ဘောလုံး၊ Goalball (မျက်မမြင်) ၊ အလေးမ၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်၊  ထိုင်လျက် ဘော်လီဘော စသည့် အားကစား နည်း ရှစ်နည်း  ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း        သိရ သည်။ 
သတင်းစဉ်