၁၁-၃-၂၀၂၁ ရက်နေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဖေဖော်ဝါရီလ တစ်လတာအတွင်း နိုင်ငံတော်အေးချမ်းသာယာ ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ချက်များ၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုအသွင်မှ အကြမ်းဖက်ဆူပူမှုအသွင်(Riot)၊ ၎င်းမှ မင်းမဲ့စရိုက် ဆန်သောလူအုပ်စု (Anarchy Mob) အသွင်သို့ ကူးပြောင်းလာသည့် အခြေအနေများ၊ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လမ်းပန်းဆက်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများနှင့် ရုံးလုပ်ငန်းများ ရပ်တန့်စေ ရေး CDM လုပ်ဆောင်လာမှုနှင့် CDM တွင်ပါဝင်လာ စေရန် ခြိမ်းခြောက်လှုံ့ဆော်လာသည့် အခြေအနေ များ၊ တရားမဝင်သည့် CRPH အဖွဲ့ကို ဖွဲ့စည်းပြီး လူထုဆူပူအုံကြွမှု မြင့်မားလာစေရေး၊ အာဏာ ဖီဆန်ရေးလုပ်ငန်းစဉ်နှင့် အလုံးစုံပျက်သုဉ်းရေးလမ်းကြောင်းပေါ်သို့ တွန်းတင်ခဲ့ပြီး အနာဂတ် လူငယ်လူရွယ်များကို လမ်းပေါ် မထွက်၊ ထွက် အောင် တွန်းအားပေးဆောင်ရွက်ခဲ့သည့် အခြေ အနေများ၊ ဖေဖော်ဝါရီလနှင့် မတ်လဆန်းပိုင်း ကာလတို့တွင် ဖြစ်ပေါ်ခဲ့သည့် မင်းမဲ့စရိုက်ဆန်စွာ ဆန္ဒပြမှုများနှင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည့် အခြေအနေများ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံ တို့ရှိ မြန်မာနိုင်ငံသားများ၊ ပညာတော်သင် သံဃာတော်များကို တပ်မတော်ရေယာဉ်၊ လေယာဉ်များဖြင့် သွားရောက် ခေါ်ဆောင်ပေးခဲ့ သည့် အခြေအနေများ၊ CDM လုပ်ဆောင်မှုများ ကြောင့် ကျန်းမာရေးကဏ္ဍတွင် ပြည်သူလူထု အခက်အခဲဖြစ်ခဲ့ရမှုများနှင့် တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများတွင် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များက ကျန်းမာရေးဆောင်ရွက်ပေးမှု အခြေအနေများ၊ CDM တွင် ပါဝင်လှုပ်ရှားနေသည့် နိုင်ငံ့ဝန်ထမ်းများကို ထောက်ပံ့နိုင်ရေး အမည်ခံ ကာ သွေးထိုးလှုံ့ဆော်မှုများ၊ ငွေကြေးအလှူခံ အလွဲသုံးစားလုပ်နေသူများကို ထိရောက်သည့် အရေးယူမှုများ ပြုလုပ်လျက်ရှိသည့် အခြေအနေ များ၊ နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူမှုနှင့် အလွဲသုံးစားမှု (Corruption) ဖော်ထုတ်တွေ့ရှိချက်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအား စစ်ဆေးတွေ့ရှိ ချက်အခြေအနေများ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့် နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အား အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်ဟောင်းများ အား လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ရာ ယခင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း အမေရိကန်ဒေါ်လာ ၆ သိန်းကျော်နှင့် အကယ်ဒမီ ရွှေစင် ၇ ပိဿာတို့အား ပေးအပ်ခဲ့ရသည်ဟု အတိ အလင်းထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း ကိုယ်တိုင်ကိုယ်ကျ လက်ခံရယူခဲ့သည်ဟု သိရှိရသဖြင့် လိုအပ်သည်များ ဆက်လက်စုံစမ်း စစ်ဆေးနိုင်ရေးအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ ဖော်ထုတ်စစ်ဆေး လျက်ရှိသည့် အခြေအနေများ၊ အလားတူ ယခင် ဝန်ကြီးချုပ်များဖြစ်သည့် ဒေါက်တာဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင်နှင့် ဒေါက်တာအေးဇံတို့သည် လည်း အဂတိလိုက်စားမှုများဖြင့် ငြိစွန်းကြောင်း စိစစ်တွေ့ရှိရသဖြင့် စစ်ဆေးဖော်ထုတ်လျက်ရှိသည့် အခြေအနေများနှင့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် ဇနီးဒေါ်ချိုချိုတို့နှင့် ပတ်သက်၍လည်း စီးပွားရေး လုပ်ငန်းရှင်အချို့ထံမှ ငွေကြေးလက်ခံရယူမှုများ စိစစ်တွေ့ရှိရသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး သတင်းဆက်လက် ထုတ်ပြန်ပေးသွား မည့် အခြေအနေများနှင့် ယခင်မဲရလဒ် ကြေညာ ချက်များနှင့် ယခု UEC ၏ မဲလက်မှတ်စစ်ဆေးတွေ့ရှိ ချက်များအရ ကွာခြားချက်များ၊ ယခင် UEC အဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြည်သူလူထု သိရှိစေရန် ပြောဆိုချက်များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအား ၂၀၂၁ ခုနှစ်၊ မတ် ၁၁ ရက် ၁၄၀၀ နာရီမှ ၁၇၀၀ နာရီအထိ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ် ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်း ရုပ်မြင်သံကြားသတင်းဌာနများနှင့် ပြည်တွင်း အခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်း ထောက်များ တက်ရောက်ခဲ့ကြပြီး တက်ရောက် လာသည့် သတင်းထောက်များက သိလိုသည် များကိုမေးမြန်းခဲ့ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြန်လည်ဖြေကြား သည်။ အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက် ဦးစွာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြား ရာ ဒုတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို မိမိတို့ အပိုင်းနှစ်ပိုင်းဖြင့် ဆောင်ရွက်မှာ ဖြစ်ပါ ကြောင်း၊ အပိုင်းတစ်ကို မိမိမှ ရှင်းလင်းမှာဖြစ်ပြီး အပိုင်းနှစ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရှင်းလင်းမှာ ဖြစ်ပါကြောင်း၊ အပိုင်းတစ်မှာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ တစ်လတာအတွင်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ဆောင်ချက်များ၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များ၊ CDM နှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ နိုင်ငံတော်အဆင့် လာဘ်ပေးလာဘ်ယူ မှု၊ အလွဲသုံးစားမှုများ (Corruption)နှင့် ပတ်သက် ပြီး ဖော်ထုတ်တွေ့ရှိချက်များ၊ ယခင် UEC အဖွဲ့ဝင် ဟောင်းတစ်ဦး၏ ပြည်သူလူထုကို သိရှိစေရန် ပြောဆိုချက်များ ပါဝင်မည်ဖြစ်ကြောင်း၊ အပိုင်း နှစ်မှာတော့ လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ဆောင်ချက်များနှင့် မဲစာရင်း လက်တွေ့စစ်ဆေးချက်များ အသေးစိတ်သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ရှင်းလင်းမှာ ဖြစ်ကြောင်း၊ ယခုသတင်းစာရှင်းလင်းပွဲမှာ မိမိ ပြောကြားသည့် အချက်များကို မီဒီယာများ ကိုးကားနိုင်ရန်နှင့် ပြည်သူလူထု အထောက်အထား ခိုင်ခိုင်လုံလုံ တွေ့မြင်နိုင်ရန်အတွက် တွေ့ရှိသည့် အထောက်အထားများကို မိမိတို့ဘုတ်များနှင့် ပြသထားကြောင်း၊ စာရွက်စာတမ်းများလည်း ခင်းကျင်းပြသထားကြောင်း၊ မီဒီယာများအနေဖြင့် စိတ်ကြိုက်စစ်ဆေးကြည့်နိုင်ပါကြောင်း၊ ပြည်သူ ကို ထင်သာမြင်သာဖြစ်အောင် ပြသပေးကြပါလို့ မေတ္တာရပ်ခံလိုပါကြောင်း၊ မိမိတို့ နိုင်ငံသူ နိုင်ငံသား များအတွက် အရေးကြီးပါကြောင်း၊ ယခုသတင်းစာ ရှင်းလင်းပွဲကိုလည်း ပြည်သူလူထု ကျယ်ကျယ် ပြန့်ပြန့် ကြည့်နေကြမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့မှာ ခံယူချက်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး၊ အမြင်အမျိုးမျိုးရှိကြမည်ဖြစ်ကြောင်း၊ မည်သည့် ခံယူချက်၊ ယုံကြည်ချက်၊ အမြင်များရှိနေပါစေ “We are Myanmar” အဓိကမှာ မိမိတို့အားလုံးသည် “မြန်မာများ” ဖြစ်ကြောင်း၊ မိမိတို့က မိမိတို့နိုင်ငံကို ပိုကောင်းချင်ကြောင်း၊ ပိုပြီး တိုးတက်စေချင်ကြောင်း၊ ပိုပြီးမြှင့်တင်ပေးချင်ပါကြောင်း၊ ဒါသည် မိမိတို့ အားလုံး၏ တူညီသည့် ဆန္ဒဖြစ်မည်ဟု ယူဆပါ ကြောင်း၊ ဆန္ဒများတူညီနေလျှင် အားလုံးလက်တွဲ လို့ရကြောင်း၊ မိမိပြောလိုသည်မှာ ယခုသတင်းစာ ရှင်းလင်းပွဲ၏ အချို့အချက်အလက်များသည် ဒီလို ဆန္ဒတူညီသည့် ပြည်သူလူထုထံမှရရှိသည့်အချက် အလက်များ ဖြစ်ခြင်းကြောင့် ပူးပေါင်းဆောင်ရွက်မှု များ၊ အကြံဉာဏ်များအတွက် များစွာကျေးဇူး တင်ရှိ ပါကြောင်းနှင့် ဆက်လက်ပြီး မြန်မာ့အကျိုးသယ်ပိုး ကြရန် ဖိတ်ခေါ်ပါသည်။ အကြမ်းဖက်ဆန္ဒပြမှု ဖြစ်စဉ်များ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ရယူပြီးနောက် ၄ ရက်အကြာ ၅ ရက်မြောက်ထိ ဆန္ဒပြမှုများမရှိပါကြောင်း၊ NLD ပါတီဝင်များနှင့် NLD ပါတီထောက်ခံသူများသည် ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ဆန္ဒပြမှုများပြုလုပ် ခဲ့ကြောင်း၊ အစောပိုင်းကာလတွင် ငြိမ်းချမ်းစွာ ဆန္ဒ ပြတယ်လို့ ဆိုနိုင်သော်လည်း ဖေဖော်ဝါရီလ ၉ ရက်နှင့် နောက်ပိုင်းမှာတော့ အကြမ်းဖက်ဆူပူမှု အသွင်(Riot) ၎င်းမှ မင်းမဲ့စရိုက်ဆန်သည့် လူအုပ်စု အသွင် (Anarchy Mob) ဖြစ်ပေါ်လာခဲ့ကြောင်း၊ အုပ်ချုပ်ရေးယန္တရားပျက်ပြားစေဖို့ ရည်ရွယ်ချက် ဖြင့် လမ်းပန်းဆက်သွယ်မှု၊ ဝန်ဆောင်မှုလုပ်ငန်းများ၊ ဘဏ်လုပ်ငန်းများ၊ ရုံးလုပ်ငန်းများ ရပ်တန့်စေဖို့ CDM လှုပ်ရှားမှုတွေကို အကျပ်ကိုင် ခြိမ်းခြောက် ဖိအားပေးမှုများဖြင့် ဆောင်ရွက်ခဲ့ကြကြောင်း၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က သပြေကုန်းအဝိုင်းမှာ CDM ခြိမ်းခြောက်အကျပ်ကိုင်မှုတွင် ပါဝင်ခြင်းမရှိ သည့် နိုင်ငံ့ဝန်ထမ်း ကြို/ ပို့ယာဉ်များကို ဆန္ဒပြသူ များက လမ်းလုံးပြည့်ပိတ်ဆို့ပြီး အကြမ်းဖက်ဆန္ဒပြ မှုများရှိခဲ့ကြောင်း၊ မန္တလေး၊ မဟာအောင်မြေ၊ မော်လမြိုင်တက္ကသိုလ်ရှေ့ ဆန္ဒပြမှုများ ရှိခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခြင်း၊ ဒဏ်ရာရမှုများရှိခဲ့ ကြောင်း၊ ထို့အပြင် တရားမဝင်အမတ်များက CRPH ကို ဖွဲ့စည်းပြီး နိုင်ငံတော်တည်ငြိမ်ရေးနှင့် အုပ်ချုပ်ရေးယန္တရားပျက်ပြားအောင် ရည်ရွယ်ပြီး လူထုဆူပူအုံကြွမှုမြင့်မားလာစေရေး၊ အာဏာဖီဆန် ရေးလုပ်ငန်းစဉ်နှင့် အလုံးစုံ ပျက်သုဉ်းရေးလမ်း ကြောင်းပေါ်ကို တွန်းတင်ခဲ့ခြင်းကို တွေ့ရကြောင်း၊ Generation-Z ဆိုသည့် တိုင်းပြည်၏ အနာဂတ် လူငယ်များကို လမ်းပေါ် မထွက် ထွက်အောင် တွန်းအားပေး ဆောင်ရွက်ခဲ့ခြင်းများကို တွေ့ရ ကြောင်း၊ လူငယ်များ၏ ရိုးသားသည့်စိတ်၊ တက်ကြွသည့်စိတ်၊ မဟုတ်မခံချင်စိတ်တွေကို အသုံးချပြီးလမ်းမှားရောက်အောင် တွန်းပို့ခဲ့ကြောင်း၊ Generation-Z ဆိုသည့် လူငယ်များသည် အတွေး အခေါ်ဆန်းသစ်ကြကြောင်း၊ နည်းပညာကျွမ်းကျင် ကြကြောင်း၊ IT ပညာရပ်ကို လူကြီးများ ထက်ပိုပြီး အသုံးချတတ်ကြကြောင်း၊ ဒါကိုအသုံးချပြီး Facebook လူမှုကွန်ရက်စာမျက်နှာများ၊ Youtube၊ tiktok စသည့်နေရာများမှ လူငယ်များကို နေ့စဉ်နှင့် အမျှ သွေးထိုးလှုံ့ဆော်ပေးမှုများကို မြင်ရကြောင်း၊ လက်တွေ့လည်း တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လူငယ်များ ထိပ်တိုက် တွေ့ရန် နည်းအမျိုးမျိုးသုံးပြီး ရှေ့တွန်းပို့ နေသည်ကို တွေ့နိုင်ပါကြောင်း၊ NLD ပါတီဝင်များ နှင့် ထောက်ခံသူအမာခံများကိုယ်တိုင်က လုံခြုံ သည့်နေရာများတွင်နေပြီး လူငယ်လူရွယ်များကို ရှေ့ကိုထွက်ရန် Facebook စာမျက်နှာများ၊ မီဒီယာ များသုံးပြီး ဆောင်ရွက်ခဲ့ကြသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းသည် ကျောင်းသားလူငယ်ထုကစတင် ခဲ့သည့် ဆန္ဒပြမှုများဖြစ်ကြောင်း၊ ထိုဆန္ဒပြမှုများကို နိုင်ငံရေးပယောဂ ဝင်စွက်ပြီး နောက်ဆုံးမှာ သူတို့ ကိုယ်တိုင် နိုင်ငံရေးနေရာရယူသွားသည့် အနေ အထားဖြစ်ကြောင်း၊ လူငယ်များ အထူးသဖြင့် အမျိုးသမီးငယ်များ သေဆုံးပြီး လူထုအမြင်မှာတော့ သူရဲကောင်းတွေ၊ သူတို့အမြင်မှာတော့ သူတို့ရဲ့နိုင်ငံ ရေးရည်မှန်းချက်များ ပြည့်မြောက်စေရေး လှေကားထစ်၊ ခုတုံးများ ပေါ်ပေါက်လာစေရေး ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ နေပြည်တော်က အမျိုးသမီးငယ်တစ်ဦး၊ မန္တလေးက အမျိုးသမီးငယ် တစ်ဦး သေဆုံးမှုမှာ သူတို့ကို ပစ်ခတ်သည့်ကျည် သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အသုံးပြုသည့် ကျည်အမျိုးအစားမဟုတ်ကြောင်း မိမိတို့ဖော်ထုတ် ပြသပြီးဖြစ်ကြောင်း၊ ၎င်းတို့၏ ဦးခေါင်းဒဏ်ရာများ ကို စစ်ဆေးသည့်အခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ နေရာယူထားသည့် ရှေ့တည့်တည့်က ပစ်ခတ်၍ ထိသည့်ဒဏ်ရာမျိုးမဟုတ်ဘဲ ဘေးဘက်မှ ပစ်ခတ် ခံရခြင်း၊ ဘေးအောက်ဘက်မှပင့်ပြီး ပစ်ခတ်ခံရခြင်း များ တွေ့ရကြောင်း၊ ဒဏ်ရာများထဲမှ ရရှိသည့် ခဲသတ္တုအပိုင်းအစများကို စစ်ဆေးသည့်အခါ လုံခြုံရေးတပ်ဖွဲ့များ အသုံးပြုခဲ့သည့် ကျည်အမျိုး အစား အတိုင်းအတာကွဲပြားနေသည်ကို တွေ့ရ ကြောင်း၊ မိမိတို့အနေဖြင့် ထပ်မံပြီးအသေးစိတ် စစ်ဆေးခဲ့ပါကြောင်း၊ အသေးစိတ် သိရှိနိုင်ရန် အတွက် ဒဏ်ရာထဲက တွေ့ရှိသည့် ခဲသတ္တုအပိုင်း အစများကို EDX- 720 (အင်အော်ဂဲနစ်ပစ္စည်း ပေါင်းစပ်မှုပါဝင်သည့် စစ်ဆေးသည့်စက်)နှင့် စစ်ဆေးခဲ့ပါကြောင်း၊ ထိုသို့ စစ်ဆေးသည့်အခါ လုံခြုံရေးတပ်ဖွဲ့ဝင်များသုံးသည့် ကျည်များ၏ ခဲသတ္တုပါဝင်မှု ပေါင်းစပ်ဖွဲ့စည်းမှုများနှင့် လုံးဝ ကွဲပြားခြားနားနေသည်ကို တွေ့ရကြောင်း၊ အသေး စိတ်တွေ့ရှိချက်၊ ဓာတ်ခွဲစစ်ဆေး ချက်အသေးစိတ် များကို ဘုတ်မှာ ပြထားကြောင်း၊ အမျိုးသမီးနှစ်ဦး မှာ တွေ့ရှိခဲ့ရသည့် သတ္တုအပိုင်းအစ၊ ဒဏ်ရာရသည့် အနေအထားများ၊ထိုသတ္တုကို စစ်ဆေးကြည့်သည့် အခါ တွေ့ရှိရသည့် တွေ့ရှိချက် အသေးစိတ်ကို လေ့လာနိုင်သည်ကို ပြောကြားလိုပါကြောင်း ပြောကြားသည်။ ပညာရှင်များ၏ သုံးသပ်ချက်အရ အမျိုးသမီး နှစ်ယောက်ကို ပစ်ခတ်ခဲ့သည့် ခဲယမ်း၊ လက်နက် အမျိုးအစားသည် ဒေသန္တရခဲယမ်း၊ ဒေသန္တရလက်နက်ပြောင်းချောလက်နက် အမျိုးအစား သို့မဟုတ် နိုင်ငံခြားလုပ် ပွိုင်တာလက်နက်အမျိုး အစားတစ်ခုခုဖြင့် ပစ်ခတ်ခြင်းဖြစ်နိုင်သည်ကို သုံးသပ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆန္ဒပြမှု များတွင် မသမာမှု၊ ပြဿနာကို ပိုမိုကြီးမားအောင် ဖန်တီးလိုသူများရှိကြောင်း၊ အထူးဂရုစိုက်ဖို့ ပြောကြားလိုပါကြောင်း၊ နောက်ထပ်လုပ်ကြံ ဖန်တီးမှုများ ထပ်လာနိုင်ပါကြောင်း၊ ဥပမာ အနေ ဖြင့် ၁၉၈၈ ခုနှစ်အရေးအခင်းမှာ ဖမ်းဆီးထိန်းသိမ်း ထားသူများ၊ မတော်မတရားပြုကျင့်ခံရခြင်းများကို မီဒီယာတစ်ခုနှင့် လက်ဝါးချင်းရိုက်ပြီး လုပ်ခဲ့သည့် ပုံစံဖြစ်ကြောင်း၊ မနေ့ကလည်း လုပ်ကြံဖန်တီးမှု ဇာတ်လမ်းတစ်ခု တက်လာပါကြောင်း၊ ရိုက်တာ သတင်းဌာနက အိန္ဒိယနိုင်ငံဘက်ကို သွားသည့် ရဲတပ်သားများနှင့် မေးမြန်းခန်းလုပ်ခဲ့ပါကြောင်း၊ ရဲတပ်သားများကို မေးမြန်းခန်းလုပ်သည့်အခါ ရဲတပ်သားတစ်ယောက်ဆိုလျှင် သူ့ကို ရဲတပ်ဖွဲ့က အရာရှိများအနေဖြင့် ခေါင်းကို စက်သေနတ်နှင့် ချိန်ပြီးပစ်ခတ်ဖို့ အမိန့်ပေးခဲ့သည်ဟု ပြောပါ ကြောင်း၊ မဟုတ်မမှန်သတင်းတစ်ခုကို ကမ္ဘာအနှံ့ ထုတ်လွှင့်လျက်ရှိပါကြောင်း၊ မိမိပြောလိုသည်မှာ ချင်းပြည်နယ် ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ထိန်းခဲ့ခြင်း များ၊ ပစ်ခတ်ခဲ့ခြင်းများ မရှိပါကြောင်း၊ သို့သော် ကမ္ဘာ့အမြင်မှာ ဒီလိုအမြင်မျိုး မြင်သွားနိုင်ရန် အတွက် လုပ်ကြံဖန်တီးနေခြင်းကို တွေ့ရပါ ကြောင်း၊ နောက်ပိုင်းမှာလည်း လုပ်ကြံဖန်တီးမှု များကို ဆက်ပြီးရှိလာနိုင်ပါကြောင်း ပြောကြား သည်။ စိတ်ရှည်စွာ ကိုင်တွယ်ဖြေရှင်းခဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အရေးပေါ် အခြေအနေကြေညာပြီး နောက်ပိုင်းမှာ ပုဒ်မ ၄၁၃ ပါ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ခြင်းနဲ့ ပုဒ်မ ၄၂၀ အရ နိုင်ငံသားများရဲ့ မူလအခွင့်အရေး ကန့်သတ် ခြင်းတွေ ပြုလုပ်နိုင်သော်လည်း အဲ့ဒီလိုဆောင်ရွက် ခြင်းမပြုဘဲ ဒီမိုကရေစီကျင့်စဉ်များနှင့် အညီ အညင်သာဆုံးနည်းဖြင့် စိတ်ရှည်စွာ ကိုင်တွယ် ဖြေရှင်းခဲ့ပါ‌ကြောင်း၊ ဆန္ဒပြမှုတွေ ဖြစ်ခါစ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့အချိန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင် တွေအနေနဲ့ အရေးယူဆောင်ရွက်ခြင်းတွေ ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့တာကိုလည်း တွေ့ရမှာ ဖြစ်‌ကြောင်း၊ ဖေဖော်ဝါရီလ ၉ ရက် နောက်ပိုင်း ဆူပူအကြမ်းဖက်ဆန္ဒပြမှုအသွင် (Riot)ရောက်ရှိ သွားမှသာ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ခဲ့တာကို တွေ့နိုင်မှာဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ နောက်ဆုံးအပတ်နှင့် မတ်လဆန်းတို့ တွင် ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများကို အတင်းအကျပ် ပိတ်ဆို့သည့်ဖြစ်စဉ်များ၊ ပဲခူးမှ ကုန်တိုက်ကို ဖျက်ဆီးခဲ့သည့်ဖြစ်စဉ်၊ YMBA အသင်း အဆောက်အဦကို အကြမ်းဖက်ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်၊ ဘုန်းတော်ကြီးကျောင်းများကို အကြမ်းဖက် သဖြင့် သံဃာတော်များ မျက်လုံးကွယ်သည်အထိ ထိခိုက်ဒဏ်ရာရရှိမှုဖြစ်စဉ်၊ အများပြည်သူ အသုံးပြု သည့်လမ်းမများကို ပိတ်ဆို့၍ မီးရှို့ဖျက်ဆီးမှုဖြစ်စဉ် အစရှိသည့် မင်းမဲ့စရိုက်လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ ကြောင်း၊ သို့ဖြစ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် မင်းမဲ့စရိုက်ဆန်ဆန် ဆန္ဒပြမှုများ ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်ဖြိုခွဲ ခြင်း၊ ဆန္ဒပြမှုများတွင် ပါဝင်သည့် ဦးဆောင်လှုပ်ရှား သူများကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ လုပ်ကြံဖန်တီး ချဲ့ကားထားသည့် သတင်းများဖြင့် ဆူပူမှုကို အားပေးလှုံ့ဆော်နေသည့် သတင်းဌာနများကို လိုအပ်သည့် တားဆီးအမိန့်များ ထုတ်ပြန်၍ ထိန်းချုပ်ခြင်းများ ဆောင်ရွက်ခဲ့ရကြောင်း၊ မနေ့က ဆိုလျှင် မြောက်ဥက္ကလာ သုဓမ္မာလမ်းနှင့် နွယ်နီ လမ်းဆုံ၊ အင်းစိန်တောင်သူကုန်းလမ်းနှင့် စိုက်ပျိုး ရေး(၄)လမ်းထိပ်တို့ရှိ အတားအဆီးများကို ဖယ်ရှား သည့်အချိန်တွင် ဒေသန္တရ လက်လုပ်မိုင်းများကိုပင် တွေ့ရှိခဲ့ရကြောင်း၊ ယခုရက်ပိုင်းအတွင်း အကြမ်း ဖက် ဆူပူဆန္ဒပြသူများအနေဖြင့် နည်းလမ်းတစ်မျိုး ကို ပြောင်းလဲအသုံးပြုလာသည်ကို တွေ့ရှိရ ကြောင်း၊ အဆိုပါကိစ္စများနှင့် ပတ်သက်ပြီး လမ်းကြားများတွင် ဆန္ဒပြခြင်း၊ မီးသတ်ယာဉ်များ မရောက်ရှိနိုင်အောင် လမ်းများပိတ်ဆို့ဆန္ဒပြခြင်း များ ဆောင်ရွက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ယခုနေရာမှ Generation-Z ဟုခေါ်သည့် တိုင်းပြည် ၏ အနာဂတ်လူငယ်များကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင် ယူစဉ်ကတည်းက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ခွင့်ပြုသည့် အချိန်ကာလတစ်ခုအတွင်း တာဝန်ယူမည်ဖြစ်ပြီး ပြီးလျှင်‌ ရွေးကောက်ပွဲ ကျင်းပ၍ အနိုင်ရပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးမည်ဟု တရားဝင် သတင်းစကားပါးလို ကြောင်း၊ ယခုသတင်းစာရှင်းလင်းပွဲကို ဆက်၍ နားထောင်ကြည့်စေလိုကြောင်း၊ မြေပြင်တွင် မဲမသမာမှုများ မည်မျှဖြစ်နေသည်၊ နိုင်ငံတော် အဆင့် မဲမသမာမှုများ မည်မျှဖြစ်ခဲ့သည်၊ ထို့ကြောင့် ပြည်သူလူထု မျှော်လင့်နေသည့် ဒီမိုကရေစီစနစ် မည်မျှ ပုံပျက်ပန်းပျက်ဖြစ်နေသည်ကို တွေ့ရမှာ ဖြစ်ပါကြောင်း၊ နံပါတ်(၂)အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ယနေ့အထိ ဆောင်ရွက် လျက်ရှိသည့် တိုင်းကျိုးပြည်ပြု လုပ်ဆောင်ချက်များ ထဲမှ ထင်ရှားသည့် အချက် တချို့ကိုပြောလိုကြောင်း၊ နိုင်ငံတော်အတွက် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက်(၉)ရပ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မလေးရှားနိုင်ငံ၏ ထိန်းသိမ်းရေး စခန်းများတွင်ရှိနေ သည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူရန် ယခင်အစိုးရ လက်ထက်ကတည်းကပင် တင်ပြခဲ့ ကြောင်း၊ လူဦးရေများသဖြင့် သင်္ဘောများဖြင့် သွားရောက်ခေါ်ယူမှသာ အဆင်ပြေနိုင်မည်ဖြစ် ကြောင်း၊ ယခု နစကအစိုးရအနေဖြင့် တပ်မတော်မှ စစ်ရေယာဉ် ၃ စင်းဖြင့် သွားရောက်ခေါ်ယူခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံသား ၁၀၈၀ ဦးကို သွားရောက် ခေါ်ယူခဲ့ပါကြောင်း၊ ရန်ကုန်သို့ဖေဖော်ဝါရီလ ၂၃ ရက်က ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ ယခုလက်ရှိ တပ်မတော် Quarantine Center တွင် Quarantine ဝင်ရောက်လျက်ရှိကြောင်း၊ Quarantine ဝင်ပြီးပါ က နေရပ်အသီးသီးသို့ ပြန်ရမည်ဖြစ်ပါကြောင်း၊ တစ်ခုပြောလိုသည်က ယခုခရီးစဉ်မတိုင်မီကပင် ဖျက်လို ဖျက်ဆီးလုပ်ဆောင်ခြင်း၊ ပြောဆိုခြင်းများ ပြုလုပ်ခဲ့ကြကြောင်း၊ သူများနိုင်ငံတွင် ဒုက္ခရောက် နေသည့် မိမိနိုင်ငံသူ၊ နိုင်ငံသားများကို သွားရောက် ခေါ်ယူမည့်ခရီးစဉ် ပျက်ပြားအောင် မည်ကဲ့သို့သော စိတ်ထားဖြင့် ပြောဆိုရေးသားဆောင်ရွက်သည်ကို စဉ်းစား၍မ‌ရကြောင်း၊ ဒါဟာ သူတို့ပြောနေသည့် လူ့အခွင့်အရေးလား၊ ဒီမိုကရေစီလား ဆိုတာက တော့ မေးခွန်းထုတ်စရာ ဖြစ်ပါကြောင်း၊ ခေါ်ဆောင် ပြီးနောက်ပိုင်း အဖွဲ့အစည်းတစ်ခုက မလေးရှားတွင် အမှုဖွင့်သည်ဟု ကြားသိရကြောင်း၊ တရားစွဲ အမှုဖွင့် သည့် အဖွဲ့အစည်းကလည်း နိုင်ငံတကာအဖွဲ့အစည်း တစ်ခု ဖြစ်ပါကြောင်း၊ အဆိုပါ အဖွဲ့အစည်းသည် ဒုက္ခသည်များနှင့်ပတ်သက်ပြီး အလုပ်လုပ်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ အဆိုပါ အဖွဲ့ အစည်းတရားစွဲဆိုရာတွင် အထောက်အကူဖြစ်စေ ရန်အတွက် မီဒီယာတစ်ခုမှ တပ်မတော် Quarantine Center ကို နောက်ခံထား၍ လိုရာဆွဲ၍ လုပ်ကြံဖန်တီးထားသည့် အင်တာဗျူးများ ပြုလုပ် ထုတ်လွှင့်ခဲ့ကြောင်း ပြောကြားသည်။ (ဆက်လက်ဖော်ပြပါမည်)