နေပြည်တော် နိုဝင်ဘာ ၁၇
(၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်း က နေပြည်တော်ရှိ အမှတ်(၆) အခြေခံပညာ အထက်တန်း ကျောင်းရှိ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။ (အပေါ်ပုံ)
အခမ်းအနားသို့ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦး လွင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြ သည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အမျိုးသားအောင်ပွဲနေ့ ဗဟိုကော်မတီဝင်များနှင့် အခြေခံ ပညာဦးစီးဌာနမှ ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမှတ်(၆) အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်ထံမှ (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက ဖတ်ကြားသည်။
ထို့နောက် အမှတ်(၆) အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ က မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး အခမ်း အနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ သတင်းစဉ်



