(၁၀၂) နှစ်မြောက် မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာထူးချွန်ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကျင်းပ

 

ရန်ကုန်   အောက်တိုဘာ   ၁၃


(၁၀၂) နှစ်မြောက်  မြန်မာ့ရုပ်ရှင်နေ့အထိမ်းအမှတ် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုပေးပွဲ၊ မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ဖွင့်ပွဲနှင့် (၄၅)ကြိမ်မြောက် ရုပ်ရှင် သက်ကြီးပူဇော်ပွဲအခမ်းအနားများကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၌ ကျင်းပသည်။

 


အခမ်းအနားများသို့   ပြန်ကြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး          ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီး ချုပ်   ဦးစိုးသိန်း၊   ရန်ကုန်တိုင်း စစ်ဌာနချုပ်   တိုင်းမှူး  ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ  နာယကကြီးများ နှင့်     ရုပ်ရှင်အနုပညာရှင်များ တက်ရောက်ကြသည်။

 


အမှာစကားပြောကြား


ရှေးဦးစွာ   ရုပ်ရှင်တစ်သက် တာ ထူးချွန်ဆုပေးပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး  ဦးမောင် မောင်အုန်းက         အမှာစကား ပြောကြားရာတွင် မြန်မာ့ရုပ်ရှင် နေ့အား “မေတ္တာနှင့်သူရာ” ရုပ်ရှင် ဇာတ်ကား    ရုံတင်ပြသခဲ့သည့် ၁၉၂၀  ပြည့်နှစ် အောက်တိုဘာ ၁၃   ရက်ကို  ဂုဏ်ပြုသတ်မှတ် ခဲ့သည့်အတွက်    ယနေ့ဆိုလျှင် နှစ်ပေါင်း (၁၀၂)နှစ်တိုင်ခဲ့ပြီဖြစ်ပါ ကြောင်း၊    ယခုကဲ့သို့   ထူးခြား လေးနက်သည့်  နေ့ထူးနေ့မြတ် အခါသမယတွင်   မြန်မာ့ရုပ်ရှင် လောကနှင့် ရုပ်ရှင်လောကသား များအတွက်     စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော     ရုပ်ရှင်အနု ပညာရှင်ကြီး နှစ်ဦးကို နိုင်ငံတော် က ရုပ်ရှင်တစ်သက်တာ ထူးချွန် ဆု     ချီးမြှင့်ပေးမည်ဖြစ်သဖြင့် လွန်စွာမင်္ဂလာရှိသည်ဟု  ပြော ကြားလိုပါကြောင်း၊         ရုပ်ရှင် တစ်သက်တာထူးချွန်ဆု   ရရှိသူ များနှင့် ရုပ်ရှင်သက်ကြီးအနုပညာရှင်များသည်    ရုပ်ရှင်လောက သက်တမ်းတစ်လျှောက်   နိုင်ငံ့ အကျိုး၊          ပြည်သူ့အကျိုးကို သယ်ပိုးဆောင်ရွက်ခဲ့ကြသူများ ဟု မိမိတို့အားလုံးက အသိအမှတ် ပြုထားပါကြောင်း။

 


 နိုင်ငံတော်   အကြီးအကဲက စာပေ၊   ရုပ်ရှင်၊   ဂီတ၊  သဘင် နယ်ပယ်အသီးသီးမှ အနုပညာရှင် များကို       ပညာရှင်များအဖြစ် လေးစား    တန်ဖိုးထားကြရန်နှင့် လိုအပ်ချက်များကို   ကူညီပံ့ပိုး ပေးရန်   အမြဲလမ်းညွှန်မှာကြား ပါကြောင်း၊ ယခု ရုပ်ရှင်တစ်သက် တာထူးချွန်ဆုကို  ချီးမြှင့်ခံရမည့် ပုဂ္ဂိုလ်များသည် အသက် ၈၀ နှင့် အထက် ရှိသူများဖြစ်ပြီး ရုပ်ရှင် လောကတွင် ကျင်လည်လုပ်ကိုင် ဆောင်ရွက်ခဲ့သည့် သက်တမ်းနှစ် ၅၀  ရှိကြသူများ  ဖြစ်ပါကြောင်း၊ ထို့ပြင် ရုပ်ရှင်လောကနှင့် အဆက် အသွယ်မပြတ်ဘဲ     နိုင်ငံတော် အဆင့် ဂုဏ်ထူးဆု (သို့မဟုတ်) ရုပ်ရှင်ထူးချွန်ဆုရရှိသူ၊ အနုပညာ ကောင်းသတင်းဖြင့်    ကျော်ကြား သူများဖြစ်ပြီး ရုပ်ရှင်လောကသား များ၏ဆန္ဒဖြင့်  ရွေးချယ်ထားသူ များ ဖြစ်ပါကြောင်း။

 


ယခင်က ရုပ်ရှင်တစ်သက်တာ ဆုကို ၂၀၁၀ ပြည့်နှစ်တွင် ဒါရိုက် တာ ဦးတင်ယုအား လည်းကောင်း၊ ၂၀၁၈     ခုနှစ်တွင်     စည်သူ ဗိုလ်ကလေး     တင့်အောင်အား လည်းကောင်း၊    ၂၀၁၉    ခုနှစ်တွင် အကယ်ဒမီ  ဒေါ်မြင့်မြင့်ခင်အား လည်းကောင်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး၏    အစီအစဉ်ဖြင့် ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ယခု နှစ်အတွက် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရရှိသည့်   ပုဂ္ဂိုလ်များ အား  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တစ်ဦးလျှင် ရွှေစင် ငါးကျပ်သားရှိ      ရွှေစင်ကြယ်နှင့်  အကယ်ဒမီ    ရွှေစင်ရုပ်တုများကို    ပေးအပ်ချီးမြှင့်မည်ဖြစ်ပါကြောင်း၊ တိုင်းပြည်နှင့်       လူမျိုးအတွက် အနုပညာစွမ်းပကားဖြင့်   အကျိုး ဆောင်ခဲ့ကြသော     အနုပညာ ရှင်ကြီးများကို ယခုကဲ့သို့ချီးမြှင့်ခွင့် ရရှိခြင်းအပေါ် ရုပ်ရှင်လောကသား အားလုံးက မုဒိတာပွားနေကြမည် ဟု ယုံကြည်ပါကြောင်း။

 


ယခုအခါ    နိုင်ငံတော်အစိုးရ အနေဖြင့်    ရုပ်ရှင်လောကဖွံ့ဖြိုး တိုးတက်ရေးနှင့် ရုပ်ရှင်လောက အကျိုး ဆောင်ရွက်နိုင်ရေးအတွက် ဝဇီရာရုပ်ရှင်ရုံကြီးကို   ဂုဏ်ပြုခံ ကဇာတ်ရုံအဖြစ်    အကောင် အထည်ဖော်နေသကဲ့သို့   အမျိုး သား   ဖလင်မော်ကွန်းတိုက်ကြီး တစ်ခုတည်ဆောက်ပြီး     ရုပ်ရှင် ဖလင်များ၊ မှတ်တမ်းရုပ်ရှင်ဖလင် များကို      စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန်    စီမံဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ပြင် ၂၀၂၃ ခုနှစ်   (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့  အထိမ်းအမှတ် ပဒေသာကပွဲကြီးကိုလည်း  အနု ပညာရှင်များ     စုပေါင်းပါဝင် တင်ဆက်ရန်  ဆောင်ရွက်လျက် ရှိပါကြောင်း၊   နိဂုံးချုပ်အားဖြင့် သမိုင်းအစဉ်အလာ   ကောင်းခဲ့ သည့် မြန်မာ့ရုပ်ရှင်သမိုင်းကြောင်း ကို ရုပ်ရှင်အနုပညာရှင်အားလုံးက လက်ဆင့်ကမ်း ထိန်းသိမ်းသယ်ပိုး ပေးကြပါရန်နှင့်      မြန်မာ့ရုပ်ရှင် တစ်ခေတ်    ဆန်းသစ်လာအောင် စည်းလုံးညီညွတ်စွာ     စုပေါင်း ဖော်ဆောင်ပေးကြပါရန်   တိုက် တွန်းပါကြောင်း ပြောကြားသည်။

 


ပေးအပ်ချီးမြှင့်


ထို့နောက် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ    အကယ်ဒမီ များရှင်   စည်သူ ဦးကြည်စိုးထွန်း က         ရုပ်ရှင်တစ်သက်တာဆု ပေးအပ်ရခြင်းနှင့် ဆုများရွေးချယ် ဆောင်ရွက်မှုများကို    ရှင်းလင်း တင်ပြပြီး   ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူ    အကယ်ဒမီ ညွန့်ဝင်းအား    ရုပ်ရှင်တစ်သက် တာ ထူးချွန်ဆုရှင် စည်သူဒေါ်မြင့် မြင့်ခင်က လည်းကောင်း၊ ရုပ်ရှင် တစ်သက်တာ      ထူးချွန်ဆုရရှိသူ အကယ်ဒမီ     အောင်လွင်အား ပြည်ထောင်စုဝန်ကြီး      ဦးမောင် မောင်အုန်းက       လည်းကောင်း  ရွှေစင် ငါးကျပ်သားရှိ ရွှေစင်ကြယ် နှင့် အကယ်ဒမီ ရွှေစင်ရုပ်တုများ ကို ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ရုပ်ရှင်တစ်သက် တာဆုရ အကယ်ဒမီအောင်လွင် က     ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားခဲ့သည်။

 


လှည့်လည်ကြည့်ရှု


ဆက်လက်၍    ဒုတိယပိုင်း အစီအစဉ်အဖြစ် မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ဖွင့်ပွဲကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး      ဦးမောင် မောင်အုန်း၊    တိုင်းဒေသကြီး ဝန်ကြီးချုပ်  ဦးစိုးသိန်း၊  တိုင်းမှူး ဗိုလ်ချုပ်         ညွန့်ဝင်းဆွေနှင့် နာယကများက    မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်ကို      ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး   ဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက      ပြတိုက် ဖြစ်ပေါ်လာပုံ        အကြောင်းနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့မှု အခြေအနေများကို    ရှင်းလင်း တင်ပြကာ       ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုကြသည်။

 


ထို့နောက် (၁၀၂) ကြိမ်မြောက် မြန်မာ့ရုပ်ရှင်နေ့နှင့်    (၄၅)ကြိမ် မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ ကို   ကျင်းပရာ     ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်းနှင့်  တိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးစိုးသိန်းတို့က   နှုတ်ခွန်းဆက် စကားနှင့်       မုဒိတာစကားများ ပြောကြားကြပြီး သက်ကြီးရုပ်ရှင် အနုပညာရှင်များအား    ပူဇော် ကန်တော့ကြသည်။

 


ဆက်လက်၍       သက်ကြီး အနုပညာရှင်များအတွက် အလှူ ငွေပေးအပ်ကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း ၅၀၊ ပြန်ကြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီးနှင့် ဝန်ထမ်းမိသားစုများက အလှူငွေကျပ်သိန်း  ၃၀ ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  အလှူရှင်များက ကျပ်သိန်း   ၁၅၀  နှင့်  Forever Group Co.,Ltd  က  ငွေကျပ် ၇၃၅၀၀၀၀ တို့ကို လှူဒါန်း ရာ နာယကများနှင့် အမှုဆောင် များက လက်ခံရယူကြသည်။

 


မြန်မာနိုင်ငံ   ရုပ်ရှင်အစည်း အရုံးသည် ပထမဆုံးမြန်မာ့ရုပ်ရှင် ဇာတ်ကား “မေတ္တာနှင့်သူရာ” ကို ရုံတင်ပြသခဲ့သည့် ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်ကို မြန်မာ့ ရုပ်ရှင်နေ့ အဖြစ်       သတ်မှတ်၍ ရုပ်ရှင်သက်ကြီးပူဇော်ပွဲ   အခမ်း အနားများကို   ကျင်းပခဲ့ရာ  ယခု အကြိမ်သည်  (၄၅)ကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။    ယခုနှစ် မြန်မာ့ရုပ်ရှင်နေ့တွင်    ရုပ်ရှင် သက်ကြီးပူဇော်ပွဲနှင့်အတူ ရုပ်ရှင် တစ်သက်တာထူးချွန်ဆု ချီးမြှင့်ပွဲ နှင့်   မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် ဖွင့်ပွဲတို့ကိုပါ    ဂုဏ်ယူစွာကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


ဆွေးနွေးဆောင်ရွက်


မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးသည်         ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်   သိမ်ဖြူ လမ်းရှိ     ဗဟိုပုံနှိပ်စက်ရုံအစည်း အဝေးခန်းမ၌       မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း နာယက  ဦးကျော်ဆန်း၊   ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အလုပ်အမှုဆောင် များအား တွေ့ဆုံ၍ စာကြည့်တိုက် များ         ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ  စာဖတ်ရှိန်မြှင့်တင် ရေးလုပ်ငန်းများအတွက် ပြန်ကြား ရေးဝန်ကြီးဌာနက    ကူညီပံ့ပိုး ဆောင်ရွက်ပေးနိုင်မည့်   အခြေ အနေများကို ဆွေးနွေးဆောင်ရွက် ခဲ့သည်။

 


ညနေပိုင်းတွင်   ပြည်ထောင်စု ဝန်ကြီးသည် ရုပ်ရှင်တစ်သက်တာ ထူးချွန်ဆုရ အကယ်ဒမီ ဦးအောင် လွင်နှင့် ရုပ်ရှင်အနုပညာရှင်များ အား ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Sky  Star  ဟိုတယ်၌  ဂုဏ်ပြု ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။ 

သတင်းစဉ်