(ဤတရားတော်သည် ဗန်းမော်ဆရာတော်ဘုရားကြီး နောက်ဆုံးချီးမြှင့်ခဲ့သော တရားတော်ဖြစ်သည်)

 

ဧပြီလ ၂၉ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် 
ဇနီး ဒေါ်ကြူကြူလှတို့က သွားရောက်ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီး၏ ကျန်းမာရေးအခြေအနေအား 
မေးမြန်းလျှောက်ထားစဉ် ဗန်းမော်ဆရာတော်ဘုရားကြီး ဟောကြားခဲ့သည့်တရားတော်

(ဤတရားတော်သည် ဗန်းမော်ဆရာတော်ဘုရားကြီး နောက်ဆုံးချီးမြှင့်ခဲ့သော တရားတော်ဖြစ်သည်)

 

အဆောင်ဘာလုပ်တုံးလို့ မေးတယ်၊  အဲဒီတော့ ဘုန်းဘုန်းက  တရား ဂုဏ်တော် ပုတီးစိပ်တဲ့အကြောင်း၊  ပြီးတော့ကျ ဂုဏ်တော်တွေပွားတဲ့ အကြောင်း၊ တစ်သောင်း နှစ်ထောင်ကုန်သော ဘုရားရှင်တို့ကိုလည်းပဲ တပည့်တော် ရှိခိုးပါ၏။ ပဉ္စသတ သဟဿာနိ၊  ပဉ္စ က ငါး၊ သတက တစ်ရာ၊ ငါးသတ။ သဟဿာ က တစ်ထောင်၊ ငါးရာနဲ့ တစ်ထောင်နဲ့မြှောက် ငါးသိန်း။  အဲဒီတော့ ပဉ္စသတ သဟဿာနိ ငါးသိန်းသော ဘုရားရှင်တို့ ကိုလည်း  တပည့်တော်   ရှိခိုးပါ၏။ ပေါင်းလိုက်တော့   ငါးသိန်း တစ်သောင်းနှစ်ထောင်   နှစ်ကျိပ်ရှစ်ဆူကုန်သော   ဘုရှားရှင်တို့ကို တပည့်တော်ရှိခိုးပါ၏။  ဘုရား  ငါးသိန်း   တစ်သောင်းနှစ်ထောင် နှစ်ကျိပ်ရှစ်ဆူကို ရှိခိုးတဲ့ ဂါထာ၊ အဲဒါ ဆရာတော်ကြီးက ပြောတယ်။ သူက ငယ်ငယ်လေးကတည်းက၊ သူ ခုနစ်နှစ်သား အရွယ်ကတည်းက သမ္ဗုဒ္ဓေဂါထာ နေ့တိုင်းရှိခိုးတာ၊ ဘာအကျိုးရှိသလဲဆိုတော့ အန္တရာယ် ကင်းတယ်။  ဘေးရှင်းတယ်တဲ့။  ဆွမ်းခံသွားရင်လည်း  ဘယ်တော့မှ  မိုးမမိဘူးတဲ့။ မိုးရွာနေရင် သမ္ဗုဒ္ဓေဂါထာရွတ်လိုက်ရင် မိုးတိတ်သွား တယ်။ အဲဒီလို ကျေးဇူးရှိတဲ့အကြောင်း၊   အဲဒါဘယ်တုန်းက စခဲ့တာတုံး ဆိုတော့.. လွန်ခဲ့တဲ့ သင်္ချေနှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းက ဘုရင်ကြီး တစ်ပါး အုပ်ချုပ်တယ်၊ သမီးတော်လေးက ဘုံခုနစ်ဆင့်ရှိတဲ့ ပြာသာဒ်၊  ခုနစ်ထပ်တိုက်ကြီးနဲ့ နေတယ်၊ ပြာသာဒ်ဘေးဘက်များဆီကို လှည့်ပတ် ကြည့်တော့ ညနေ ၄  နာရီလောက် ဦးဇင်းလေးတစ်ပါး ဆွမ်းခံနေတယ်။ 

 


ဟာ.. ဦးဇင်းလေးတစ်ပါး   ညနေကြီး   ဆွမ်းခံနေတယ်။ သွား ကိုယ်တော်ကို ပင့်စမ်းဆိုတော့ ပင့်တယ်၊ ရောက်လာတယ်။
ရောက်လာတော့ ဦးဇင်းကလေး.. သူများတွေ မနက်ဆွမ်းခံတယ်။ ကိုယ်တော်ညနေကြီး ဆွမ်းခံတယ်၊ ည ထမင်းစားသလား။ ဆွမ်းစား သလား။
မစားပါဘူး သမီးတော်လေးရယ် ကြည့်ပါဆိုပြီး သပိတ်လှန်ပြတယ်။ 
ဘာတွေတုံးဆိုတော့ .. ဆီတွေ  ဘာလုပ်ဖို့တုံး၊  ကိုယ်တော်တို့၊ သူများ ချက်ပြီးပြုတ်ပြီး စားနေတာ။ 
မဟုတ်ဘူး သမီးတော်လေးရဲ့၊ ည.. ည တရားပွဲတွေ ဘုရားဟော၊ ဘုရားဟောတဲ့အခါကျတော့ လူတွေက အမှောင်ကြီးထဲ တစ်ယောက်နဲ့ တစ်ယောက်တိုးတိုက်၊ အဲဒါတွေကြောင့် ဆီမီးပူဇော်မိတာပါ။ 
ရှေးတုန်းက လျှပ်စစ်မီးမရှိလို့ နေမှာပေါ့။ 
အဲဒါနဲ့ ဒီလိုဆို ပေး.. ပေး.. ပေး ..  သပိတ်ပေးဆိုပြီး  သပိတ်ထဲ နှမ်းဆီလေးတွေ အပြည့်လောင်းထည့်တယ်။ လောင်းထည့်ပြီး အဲဒါ ကပ်လိုက်တယ်။ 

 


ကဲ.. ကိုယ်တော် လျှောက်သွားမနေနဲ့တော့၊ ဒါနဲ့ဆိုရင် လောင်းလှူ လောက်ပါတယ်ဆိုပြီး။
ကောင်းပါပြီ..  သမီးတော်လေး၊  သမီးတော်လေး  ဘာဆုများ ပန်တုံးဆိုတော့၊ တပည့်တော်မ ဘုရားဆုပန်တာတဲ့။ 
ဪ.. သာဓု သာဓု သာဓုဆိုပြီး ဦးဇင်းလေး သွားတယ်။
ညကျတော့ တစ်ကျောင်းလုံး လင်းထိန်လို့၊ ဆီမီးခွက်ကလေးတွေနဲ့ မီးထွန်းထားတာ။
ဟာ.. မီးပူဇော်တဲ့ ဦးဇင်းလေး ခေါ်လိုက်စမ်းဆိုပြီး ဘုရားက။ 
ရောက်လာတော့ .. ဦးဇင်းလေး မင်းဘယ်က ဆီတွေရတုံး။
သမီးတော်လေးက လှူလိုက်တာပါ ဘုရား။ အရှင်ဘုရားနှမတော် လေးပါ၊ အဲဒီသမီးတော်လေးနဲ့  ဘုရားနဲ့က   မောင်နှမတော်သတဲ့၊ အဲဒါကြောင့် အရှင်ဘုရားနှမတော်လေးက လှူလိုက်တာပါ။ သမီးတော် လေးက ဘာဆုပန်သတဲ့တုံး၊ ပြောတယ်ဘုရား၊  တပည့်တော်မေးတော့ ဘုရားဆုပန်တယ်လို့ ပြောပါတယ်။ 

 


ဘုရားဆုပန်လို့ မပြည့်ဘူး။ 
နောက်ဘဝ ယောကျ်ားလေး ဖြစ်ပါရစေလို့ ဆုတောင်းလိုက်။ 
အဲဒီလိုဆိုရင် ယောကျ်ားလေးဖြစ်လိမ့်မယ်။ ယောကျ်ားလေးဖြစ်မှ ဆက်ပါရမီတွေ ဖြည့်၊ အဲဒါဆိုရင် ဘုရားဖြစ်မှာပေါ့။ 
တင်ပါ့ဘုရား။ 
တပည့်တော် မနက်ဖြန် ဆွမ်းခံကြွတော့ ပြောလိုက်ပါမယ်။
မနက်ဖြန် ဆွမ်းခံသွား၊ ညနေ ၄ နာရီလောက်ကျတော့ ကိုယ်တော် လည်း အဲဒီနေရာ အရောက်၊ သမီးတော်လေးကလည်း ဘုံခုနစ်ဆင့် ပြာသာဒ်အထက်က လှည့်ပတ်လျှောက်တော့၊  ဟာ… မနေ့က ကိုယ်တော် လေးနဲ့တူတယ်။ ဆွမ်းခံနေတယ် သွားသွားပင့်စမ်း။ ရောက်လာတယ်။ 
ဦးဇင်းလေး မနေ့ကလည်း ဆွမ်းခံ၊ ဒီနေ့လည်း ဆွမ်းခံ၊ ကိုယ်တော် နေ့တိုင်း ဆွမ်းခံသလား။ 
သမီးတော်လေးနဲ့ … ကျုပ်က ဘုရားဆုပန်တာ ၊ ဘုရားဆုပန်တဲ့ သူက တစ်နေ့တည်း ကုသိုလ်လုပ်ပြီးတော့ ဘုရားဆုပန်လို့ ဘယ်ပြည့် မှာလဲ။ နေ့တိုင်းနေ့တိုင်း ဒါနပြုရတယ်၊ သီလဆောက်တည်ရတယ်၊ ဘာဝနာတွေ ပွားရတယ်၊ ပုတီးစိပ်ရတယ်။
ဪ.. အဲလိုလား ဘုရား။

 


 ဒါနဲ့ သမီးတော်လေးကို ဘုရားက မှာလိုက်သေးတယ်၊ သမီးတော် လေး ဘာဆုပန်တုံး၊ ဘုရားဆုပန်တယ်လို့ ကျုပ်က ပြောတယ်၊ ဘုရား ဆုပန်တယ်ဆိုတာ မိန်းကလေးဘဝနဲ့ မပြည့်ဘူး။ နောက်ဘဝ ယောကျ်ား လေးဖြစ်ပါရစေလို့ ဆုပန်လိုက်၊ အဲတော့ ယောကျ်ားလေးဖြစ်ပြီဆိုမှ ပါရမီတွေ ဆက်ဖြည့်လို့ မှာလိုက်တယ်။ 

 


ကောင်းပါပြီ ဘုရား ဆိုပြီးတော့၊ သူကလည်း ဆီဆွမ်းတစ်သပိတ် အပြည့် ဆီဆွမ်းလောင်းပါ့မယ် ဘုရား၊ နေ့တိုင်း  တပည့်တော် ပြာသာဒ် ကြွပါလို့၊ အဲဒီလို နေ့တိုင်း ဆွမ်းလောင်းတယ်၊ ဆီဆွမ်းလောင်းတဲ့အတွက် ဆီဆွမ်းကို သိဒ္ဓတ္ထ နေလလို့ ပါဠိလို ခေါ်တယ်၊ သိဒ္ဓတ္ထ နေလ... သိဒ္ဓတ္ထ က  နှမ်းပေါ့။  နေလက ဆီ၊ နှမ်းဆီ၊ နှမ်းဆီလေး လောင်းလို့၊ လူ့ခေတ် နောက်ဆုံးသင်္ချေ နှစ်ဆယ်နဲ့ ကမ္ဘာတစ်သိန်းလွန်တဲ့အခါ အဲဒီ နှမ်းဆီ လောင်းတဲ့ ကုသိုလ်ဟာ အကျိုးပေးပြီးတော့ နာမည်ကို သိဒ္ဓတ္ထမင်းသား၊ အဲဒါ ဆီဆွမ်းလောင်းပြီးတော့ ဆုတောင်းခဲ့လို့နော်။ အေး..  အဲဒီလိုပဲ ကုသိုလ်ကောင်းမှုကို ဘုရားသာသနာတော်နဲ့ ကြုံတဲ့အခါ ကုသလ ပြုကြပေါ့။     ။