
v ဪ ... ငြိမ်းချမ်းရေး ခရီးရှည်ရဲ့လို့
မညည်းလေနဲ့ အို .. မြန်မာ။
v လှိုင်းကြီး လှေအောက်
တောင်ကြီး ဖဝါးအောက်
သွားပါများ ခရီးပေါက်လို့
ရောက်ဖို့ သေချာ။
v အရေးကြီး သွေးစည်း
အရေးကြုံ သွေးဆုံလို့
ယုံကြည်မှု ရှိစွာ
စုံညီပြု ညှိရာဝယ်
“အသိ” မှာ “သတိ” မကွာ
“အရှိ” အရာတွေ ဖော်ထုတ်။
v ပြည်ထောင်စု၏ ညီနောင်ထုသည်
အရောင်မကွဲ တစ်ရောင်တည်းမို့
အနေမကွဲ တစ်မြေတည်းမို့
တွဲလက်ညီညာ အမြဲအတွက်ရည်ကာ
ပြည်မြန်မာ ကောင်းချီးတိုးစေဖို့
ပေါင်းစည်းကြိုးကုတ်။ ။
မျိုးမြတ်မြတ်မြင့်မောင်
( နိုင်ငံတော်အစိုးရက ထာဝရငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ် ခြင်းကို ကြိုဆိုဂုဏ်ပြုလျက်-)