
နေပြည်တော် ဖေဖော်ဝါရီ ၁၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၊ သတင်း အချက်အလက်နည်းပညာတက္ကသိုလ်နှင့် ရန်ကုန် နည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်း များနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာ များနှင့် ပင်မခြောက်ထပ်ဆောင် တည်ဆောက်နေမှု နှင့်စပ်လျဉ်း၍ လုပ်ငန်းပြီးစီးမှုနှင့် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လူ့စွမ်းအား အရင်းအမြစ်များကို ပြုစုပျိုးထောင်ခြင်းဖြင့် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူ့အဖွဲ့အစည်း ကိုပံ့ပိုးကူညီရန်၊ ICT နည်းပညာကို အကျိုးရှိစွာအသုံး ချပြီး နည်းပညာဆိုင်ရာလေ့လာမှု၊ တီထွင်ဖန်တီးမှု များနှင့် သုတေသနလုပ်ဆောင်မှုများသည် ပြည်သူ များ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျကျအကျိုးပြုနိုင်ရေး ဦးတည်ဆောင် ရွက်ကြရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှု၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်း များ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်နှင့် အလုပ်ရုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် သင်ကြား သင်ယူမှု အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ သင်ကြားရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ရေး၊ တက္ကသိုလ်နှင့် ကျောင်းများအားလုံး ဥပဓိရုပ်ကောင်းမွန်ရေးကို အဓိကထား ဆောင်ရွက်ရေး၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးပြီး ကျောင်း အတွင်းအပြင် သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ် ကောင်းမွန်ရေးကို ဦးစားပေးဆောင်ရွက်ကြရန် မှာကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာ တက္ကသိုလ်အတွင်း ပင်မသုံးထပ်စာသင်ဆောင်သစ် တည်ဆောက်နေမှု၊ စာသင်ခန်း၊ Lab ခန်း၊ စာကြည့် တိုက်၊ အားကစားရုံများနှင့် ဘောလုံးကွင်းသစ် တည်ဆောက်မည့်နေရာများကို ကြည့်ရှုစစ်ဆေးပြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် လုပ်ငန်း ဆိုင်ရာလိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရှိ ရသည်။
သတင်းစဉ်