ဟူပေးပြည်နယ် ဘောင်ဒင်းမြို့၌ တိုင်ဖွန်းဒေါ့ဆူရီမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် ၁၀ ဦး သေဆုံးပြီး ၁၈ ဦးပျောက်ဆုံးနေ

 

ရှီရှားကျွမ်း  ဩဂုတ်  ၅


တရုတ်နိုင်ငံမြောက်ပိုင်း ဟူပေးပြည်နယ် ဘောင်ဒင်း မြို့၌   မိုးသည်းထန်စွာရွာသွန်းမှုကြောင့်    ၁၀    ဦး သေဆုံးကာ ၁၈ ဦး  ပျောက်ဆုံးနေကြောင်း  ဒေသ ဆိုင်ရာ အာဏာပိုင်များက ဩဂုတ် ၅ ရက်တွင် ပြော သည်။ 


လွန်ခဲ့သည့်        ရက်အနည်းငယ်အတွင်းက တိုင်ဖွန်းဒေါ့ဆူရီမုန်တိုင်း     ဝင်ရောက်တိုက်ခတ်မှု ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ပျမ်းမျှမိုးရေချိန် ၃၅၁ ဒသမ ၁ မီလီမီတာရှိသည့်အတွက် ဘောင်ဒင်း မြို့တစ်ဝန်း ရေကြီးရေလျှံမှု   ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ 


ဩဂုတ် ၅ ရက် နံနက် ၁၂ နာရီအထိ ဘောင်ဒင်း မြို့တွင် ရေလွှမ်းမိုးမှုကြောင့်  လူပေါင်း ၁ ဒသမ ၁ သန်းကျော်  ရေဘေးသင့်ခဲ့ပြီး လူပေါင်း   ၆၂၇၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ရေကြီးရေလျှံမှု  ထိန်းချုပ်ရေးနှင့်   မိုးခေါင်ရေရှားမှု လျော့ပါးရေးဌာနချုပ်၏  ထုတ်ပြန်ချက်အရ   သိရ သည်။ အဆိုပါ  ရေကြီးရေလျှံမှုက  ကောက်ပဲသီးနှံ ၇၉၀၀၀  ဟက်တာကို  ပျက်စီးဆုံးရှုံးမှုဖြစ်ပွားစေခဲ့သည့်အပြင် စုစုပေါင်းနေအိမ် ၄၄၄၈ လုံး ပြိုကျကာ ၇၂၈၆ လုံး ဆိုးဆိုးရွားရွားပျက်စီးစေခဲ့ကြောင်း သိရ သည်။ 


အစောပိုင်းရက်များအတွင်း  ပြင်ပနှင့်  အဆက် အသွယ်ပြတ်တောက်နေခဲ့သော ရေဘေးသင့်ကျေးရွာ များမှာ အဖွဲ့အစည်းအသီးသီး၏ ပူးပေါင်းကြိုးပမ်းအားထုတ်မှုကြောင့် ဆက်သွယ်မှုပြန်လည်ရရှိပြီဖြစ် ကာ သောက်သုံးရေ၊   အစားအစာနှင့်  ဆေးဝါးကဲ့သို့ သော ထောက်ပံ့ပစ္စည်းများကို အဆိုပါ ရေဘေးသင့် ဒေသများသို့   ဖြန့်ဝေပေးနိုင်ခဲ့သည်။   လက်ရှိတွင် သဘာဝဘေးကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့သည့် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးစသော အခြေခံအဆောက်အအုံများကို      ပြန်လည်ပြုပြင်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိသည်။            

ဆင်ဟွာ