ဟူနန်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူပေါင်း ၂၇၆၀၀၀ ကျော် ရေဘေးသင့်

 

ချန်ဆာ    ဇွန်     ၂၄
တရုတ်နိုင်ငံအလယ်ပိုင်း  ဟူနန်ပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်  လူပေါင်း ၂၇၆၀၀၀ ကျော်  ရေဘေးသင့်ခဲ့ပြီး  နေအိမ်အများအပြား  ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့သည့်အပြင်  ကောက်ပဲသီးနှံ ဟက်တာ ၁၆၄၀၀ ကျော်လည်း ပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း ဒေသအာဏာပိုင်များက ပြောသည်။ 
ဇွန် ၂၃ ရက် မွန်းလွဲပိုင်းတွင် ပြည်နယ်တစ်ဝန်း မိုးသည်းထန်စွာရွာသွန်းမှု  ဆက်လက်ဖြစ်ပေါ်နေ သည့်အတွက် ပြည်နယ်ရေကြီးရေလျှံမှု ထိန်းချုပ် ရေးနှင့် မိုးခေါင်ရေရှားမှုသက်သာရေးဌာနချုပ်က ရေကြီးရေလျှံမှု    ထိန်းချုပ်ရေး   အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုကို    တတိယအဆင့်သို့    တိုးမြှင့်ခဲ့ ကြောင်း၊    ဟူနန်ပြည်နယ်ရှိ   အချို့နေရာများတွင် တောင်ကျရေများနှင့် မြေပြိုကျမှုများကို ခံစားခဲ့ကြရ ကြောင်း သိရသည်။ 
၎င်းပြည်နယ်သည်   ဇွန် ၁၆ ရက်မှ   စတင်ကာ အပြင်းထန်ဆုံး    မိုးသည်းထန်စွာ    ရွာသွန်းမှုကို ကြုံတွေ့နေရကြောင်း သိရသည်။ ဒေသအာဏာပိုင် များသည် လိုအပ်သောအစီအမံများကို လုပ်ဆောင် ကာ  ဒေသခံ ၁၈၀၀၀ ကျော်ကို  ဘေးလွတ်ရာသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။  နောက်ဆုံး   မိုးလေဝသ ခန့်မှန်းချက်အရ    ဇွန်  ၂၄  ရက်မှ   ၂၅  ရက်အထိ အဆိုပါ   ပြည်နယ်တစ်ဝန်း၌    မိုးသက်မုန်တိုင်း ဆက်လက်ကျရောက်နိုင်ဖွယ်ရှိကြောင်းနှင့် ဇွန် ၂၆ ရက်တွင် မိုးသည်းထန်စွာရွာသွန်းမှု အားပျော့သွား နိုင်ကြောင်း သိရသည်။                            

ဆင်ဟွာ