ဟွန်းပြည်နယ်အလယ်ပိုင်းကို ပစ်မှတ်ထားပြီး အစ္စရေးဒုံးကျည်ဖြင့်တိုက်ခိုက်မှုတွင် ခုနစ်ဦးသေဆုံး

 

ဒမတ်စကတ်  ဖေဖော်ဝါရီ   ၇ 


ဆီးရီးယားနိုင်ငံ    ဟွန်းပြည်နယ် အလယ်ပိုင်းဒေသများကို   ပစ်မှတ် ထားသည့်   ဖေဖော်ဝါရီ ၇ ရက် က  အစ္စရေးဒုံးကျည်တိုက်ခိုက်မှု  တစ်ခုတွင်  ခုနစ်ဦး  သေဆုံးခဲ့ပြီး   ၁၃   ဦး       ဒဏ်ရာရရှိခဲ့ကြောင်း   ပြည်နယ်ကျန်းမာရေး     အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ 


တိုက်ခိုက်မှုကြောင့် ဟွန်းမြို့ ရှိ အယ်ဟမ်ရာလမ်းပေါ်ရှိ လူနေ အဆောက်အအုံတစ်လုံး    ပြိုကျ ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်း များ  အဆုံးသတ်ဆောင်ရွက်ပြီး ချိန်တွင် သေဆုံးသူစာရင်းကို  ဟွန်း ပြည်နယ်ကျန်းမာရေး ညွှန်ကြား ရေးမှူး  ဒေါက်တာ အယ်အတာဆီ က   ဒေသမီဒီယာကို   အသိပေးခဲ့ ခြင်းဖြစ်သည်။ 


အစ္စရေး       တိုက်ခိုက်မှုသည် ဖေဖော်ဝါရီ ၇ ရက် ဒေသစံတော် ချိန် ၀၀:၃၀ ချိန်တွင် လက်ဘနွန် မြောက်ပိုင်း  ထရီပိုလီမှ   ဟွန်း နှင့်   အနီးဝန်းကျင်ဒေသများကို ပစ်မှတ်ထားပြီး    တိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၇ ရက် အစောပိုင်းက       ဆီးရီးယား ကာကွယ်ရေး     ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ 


ဒုံးကျည်တိုက်ခိုက်မှု     အများ အပြားကို    ဆီးရီးယားလေတပ် က ကြားဖြတ်ပစ်ချခဲ့ကြောင်းနှင့် ဒုံးကျည်အနည်းငယ်မှာ အယ်လ် ကွီဆာ     ကျေးလက်ဒေသပေါ် ကျခဲ့ပြီး   အနီးဝန်းကျင်ဒေသကို မီးလောင်စေခဲ့သည်။


ဆီးရီးယား   လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က    တိုက်ခိုက် မှုပြီးနောက် ဟွန်းဒေသနှင့် အနီး ဝန်းကျင်နေရာများတွင် ပေါက်ကွဲ မှု  ကိုးကြိမ်ကြားခဲ့ကြောင်း ဖော်ပြ ခဲ့သည်။                      

ဆင်ဟွာ