
ဟင်္သာတ ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း မပြုရ သေးသည့် နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဇူလိုင် ၉ ရက် နံနက် ၉ နာရီက ဦးအောင်မြတ် ကျော်ဘုရားဝင်းရှိ သီရိမင်္ဂလာ တန်ဆောင်း၌ စတင်ထိုးနှံပေး လျက်ရှိသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ပြည်သူ့ကျန်မားရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ ကြက်ခြေနီ တပ်ဖွဲ့၊ စေတနာလုပ်အားရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း ၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံခြင်း လုပ်ငန်းများကို စနစ်တကျ ထိုးနှံပေးခဲ့ကြ သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဟင်္သာတမြို့ တွင် စတုတ္ထအကြိမ် ထိုးနှံပေးခြင်း ဖြစ်ကာ ဆေးထိုးနှံခြင်းမပြုရသေး သည့် အခြေခံပညာ၊ အဆင့်မြင့် ပညာနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း ၅၀၀ ကို ပထမအကြိမ် အဖြစ် နှစ်ရက်ခွဲကာ တစ်နေ့လျှင် ၂၅၀ နှုန်းဖြင့် ထိုးနှံပေးသွားမည် ဖြစ်ပြီး ယခုအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ China BIBP Sinopharm ဆေးအမျိုးအစား ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သိရ သည်။
ကိုဇော် (ပြန်/ဆက်)