
ဟင်္သာတ မေ ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့တွင် မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ခရိုင် သစ်တောဦးစီးဌာနက ကြီးမှူး၍ ဟင်္သာတမြို့ရှိ ခရိုင်စီမံကိန်းရုံး ဝင်းအတွင်း မေ ၂၈ ရက်က ကျင်းပသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ပျိုးပင်များကို ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှူး ဦးအောင်မြင့်နှင့် တာဝန်ရှိသူ များထံ ပေးအပ်ပြီး ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင် သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ နှင့် ပြည်သူများက သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မန်ဂျန်ရှား၊ ကံ့ကော်၊ မဟော်ဂနီ၊ ရေတမာ စသည့် ပျိုးပင် ၃၅၀ ကို စိုက်ပျိုးခဲ့ပြီး ဟင်္သာတမြို့နယ် အတွင်း ဒေသစိမ်းလန်းစိုပြည်စေ ရန်၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့စေရန်၊ ရာသီဥတုပြောင်းလဲမှုကို တစ်ဖက် တစ်လမ်းမှ ကာကွယ်နိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲတို့ ရှင်သန် ပေါက်ဖွားဖြစ်ထွန်းစေရန်၊ သက်ရှိ လူသားများ၏ ပတ်ဝန်းကျင် တည်တံ့ကောင်းမွန်စေရန် ရည်ရွယ် ချက်များဖြင့် စုပေါင်းသစ်ပင် စိုက်ပျိုးခြင်းဖြစ်ကြောင်း ခရိုင် သစ်တောဦးစီးဌာနမှ သိရသည်။
ခရိုင် (ပြန်/ဆက်)