ဟင်္သာတခရိုင်အတွင်းရှိ မသန်စွမ်းသူ ၂၀၇၁ ဦးအတွက် ငွေကျပ် သိန်း ၆၀၀ ကျော် ထောက်ပံ့

 

ဟင်္သာတ  အောက်တိုဘာ   ၁၇


လူမှုဝန်ထမ်း၊     ကယ်ဆယ်ရေး နှင့်    ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယ ဝန်ကြီး     ဦး‌အောင်ထွန်းခိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး  အစိုးရ အဖွဲ့မှ      တာဝန်ရှိသူများသည် အောက်တိုဘာ  ၁၆ ရက် နံနက် ပိုင်းတွင် ဟင်္သာတမြို့ရှိ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုသင်တန်းကျောင်း (ဟင်္သာတ) သို့   ရောက်ရှိပြီး   နေထိုင်မှုပုံစံ အသစ်ဖြင့် လုပ်ငန်းများ ဆောင် ရွက်နိုင်ရေး  ပြင်ဆင်လျက်ရှိရာ တွင်  သင်တန်းကျောင်းမှပို့ချနေ သည့် သင်ခန်းစာများကို Online စနစ်ဖြင့်   ပြန်လည်ဖွင့်လှစ်ပို့ချ နိုင်ရေး   ဆောင်ရွက်သွားရန်၊ သင်တန်းကျောင်း စတင်ဖွင့်လှစ် ခဲ့သည့် ရည်ရွယ်ချက်နှင့် လက်ရှိ တိုးတက်မှုအခြေအနေ သုံးသပ် အကဲဖြတ်နိုင်ရေးနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု ဆောင်ရွက်သွား ရန်၊ သင်တန်းများ ခေတ္တပိတ်ထား ရသည့် အချိန်ဖြစ်သည့်အတွက် သင်တန်း  နည်းပြများအတွက် သင်ယူလေ့လာရန် အချိန်များစွာ ရနိုင်သည့်   အခွင့်အရေးတစ်ခု ဖြစ်ပါကြောင်း၊ ဘေးဖြစ်ပွားမှုများ နှင့်ပတ်သက်၍  ကယ်ဆယ်ရေး စည်းမျဉ်းနှင့်အညီ   ထောက်ပံ့ ရမည့်ကိစ္စရပ်များ၊   သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့်   ပြန်လည်ပြုပြင် တည်ဆောက်ရသည့် ဘေးဖြစ်စဉ် များကိုပါ Disaster Management Information System National Data  အဖြစ်    အသုံးပြုနိုင်ရေး စနစ်တကျ စာရင်းပြုစုထည့်သွင်း ထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ စေတနာ့ ဝန်ထမ်းများအတွက် နိုင်ငံတော်က ပံ့ပိုးကူညီထောက်ပံ့ မှုများ      ရရှိနိုင်ရေးအတွက် ပူးပေါင်းချိတ်ဆက် ဆောင်ရွက် ပေးသွားရန်      ဖြစ်ပါကြောင်း မှာကြားသည်။

 


ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများက ဟင်္သာတခရိုင်အတွင်းရှိ     မသန် စွမ်းသူ ၂၀၇၁ ဦးအတွက် တစ်ဦး လျှင်   ငွေကျပ် သုံးသောင်းနှုန်းဖြင့် ငွေကျပ် ၆၂၁ သိန်း ၃ သောင်းကို သက်ဆိုင်ရာ    ကိုယ်စားလှယ် များထံ ထောက်ပံ့ပေးအပ်သည်။

 


ဆက်လက်၍ ကျုံပျော်မြို့နယ် အထောင်မြို့ရှိ School Cum Shel- ter ကိုရောက်ရှိပြီး   ပြည်ထောင်စု ဝန်ကြီးနှင့်  တာဝန်ရှိသူများက Shelter တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်မှာ အရေးပေါ်အခြေ အနေဖြစ်ပေါ်လာပါက    ယာယီ ခိုလှုံရာ   ဘေးဒဏ်ခံအဆောက် အဦအဖြစ် အသုံးပြုရန်ဖြစ်သည့် အတွက်    ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ဆောင်ရွက်သွားရန်၊   မူလတန်း ကြိုကျောင်းများကို Online စနစ် ဖြင့်     ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိရာတွင်    မိဘ အသိပညာပေး    လုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့   ဌာနမှ ထောက်ပံ့ထားရှိသော မိခင်ဝိုင်း များ၊ ကိုယ့်အားကိုယ်ကိုး  မူကြို များမှ  ကလေးများပါ    ပါဝင် တက်ရောက်နိုင်ရေး ဆောင်ရွက် နိုင်မည်ဆိုပါက   ပိုမိုထိရောက် အောင်မြင်မည်  ဖြစ်ပါကြောင်း၊ အဆောက်အဦ ရေရှည်တည်တံ့ ကောင်းမွန်ရေး ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်သွား ရန်  လိုအပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးမှာကြားသည်။

 


ယင်းနောက်     ပြည်ထောင်စု ဝန်ကြီးနှင့်    တာဝန်ရှိသူများက အထောင်မြို့ရှိ မသန်စွမ်းသူ ၉၁ဦး အတွက် တစ်ဦးလျှင်    ငွေကျပ် သုံးသောင်းနှုန်းဖြင့်     ငွေကျပ်   ၂၇ သိန်း သုံးသောင်းကို  ထောက်ပံ့ပေးအပ်သည်။

 


ထို့နောက်    ရေကြည်မြို့ရှိ မူလတန်းကြိုကျောင်းသို့ ရောက်ရှိ ကြပြီး ရေကြည်မြို့တွင် ပထမ ဦးဆုံး     ဌာနပိုင်မူလတန်းကြို ကျောင်းအဖြစ်   ဖွင့်လှစ်နိုင်မည် ဆိုပါက ရှေးဦးအရွယ်   ကလေး သူငယ်ပြုစုပျိုးထောင်ရေး လုပ်ငန်း များ ထိရောက်စွာ ဆောင်ရွက်နိုင် မည်ဖြစ်သည့်အတွက်   လာမည့် ဘဏ္ဍာနှစ်တွင်   အဆောက်အဦ ထည့်သွင်းလျာထား ဆောက်လုပ် ပေးနိုင်ရေးနှင့် ဝန်ထမ်းအင်အား ဖြည့်တင်း   ခန့်ထားပေးနိုင်ရေး ဆောင်ရွက်   ပေးသွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားပြီး မူကြိုကျောင်းအတွင်း သင်ထောက်ကူပစ္စည်းများ ဖြည့်တင်းပြင်ဆင် ထားရှိမှုကို    လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်