
နေပြည်တော် ဇူလိုင် ၁၀
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19) ရောဂါကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့၊ ဇလွန်မြို့၊ လေးမျက်နှာမြို့၊ မြန်အောင်မြို့နှင့် အင်္ဂပူ မြို့၊ မအူပင်ခရိုင် ပန်းတနော်မြို့နှင့် ညောင်တုန်းမြို့၊ ဖျာပုံခရိုင် ဖျာပုံမြို့များရှိ လူစည်ကားရာ ဘုရားစေတီ များ၊ ဈေးများ၊ လမ်းများ၌ ဒေသခံပြည်သူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တပ်နယ် အသီးသီးမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ပါးစပ်၊ နှာခေါင်းစည်း ၂၄၀၀၀ ကို ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့သွားရောက်ပေးဝေ လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်