ဟွန်ဒါ၏ အဓိကကားမော်ဒယ်များတွင် ဈေးမြှင့်သွားမည်

 

တိုကျို   ဇွန်   ၂၃
ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီ ဖြစ်သည့်    ဟွန်ဒါကုမ္ပဏီသည် ထုတ်လုပ်မှု   ပစ္စည်းစရိတ်များ ကြီးမြင့်နေသည့်အတွက် ဈေးနှုန်း ထပ်မြင့်သွားမည်ဟု သိရသည်။
ဇူလိုင် ၂၇ ရက်မှ စတင်ကာ ပြည်တွင်း   ဈေးကွက်အတွင်းရှိ အဓိကကားမော်ဒယ် ခြောက်ခုကို  ၂ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ ဈေးမြှင့်သွားမည်ဟု   ကုမ္ပဏီက ဇွန် ၂၃  ရက်တွင်   ပြောသည်။ ဟွန်ဒါကုမ္ပဏီသည်    ပြီးခဲ့သည့် ဧပြီလကလည်း      မီနီဗန်ကား  အပါအဝင်  ကားမော်ဒယ်သုံးခုကို ဈေးတိုးမြှင့်ခဲ့ပြီးဖြစ်သည်။ 
အခြားသော   ထုတ်လုပ်ရေး ပစ္စည်းများနှင့်  စတီး  ဈေးကြီးမြင့် သည့်အတွက်  ဈေးတက်ရခြင်း ဖြစ်ကြောင်း ကုမ္ပဏီကပြောသည်။ ဟွန်ဒါကားကုမ္ပဏီသည်ထုတ်လုပ် မှုစရိတ်ကြီးမြင့်မှုကို   ဖြေရှင်းရန် အတွက်         ယခင်ကလည်း ကားမော်ဒယ်အသစ်များကို   ဈေး တင်ဖူးသည်။       မကြာသေးမီ ကလည်း    ဈေးကွက်အတွင်းရှိ ကားဈေးနှုန်းကို တိုးမြှင့်ခဲ့ဖူးသည်။
အင်န်အိတ်ချ်ကေ