ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ရုံးလုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဆင်းပွဲကျင်းပ

 

နေပြည်တော်  မတ်  ၁


ဟိုတယ်နှင့်          ခရီးသွားလာရေး ဝန်ကြီးဌာနတွင်            တာဝန် ထမ်းဆောင်နေသော   ဝန်ထမ်း များ   ရုံးလုပ်ငန်းတာဝန်များကို စနစ်တကျသိရှိ  ထမ်းဆောင်နိုင် စေရန်နှင့် ရုံးလုပ်ငန်းစွမ်းဆောင် ရည်များ        တိုးမြှင့်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားသည့် ဌာနတွင်း  ရုံးလုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို   ယနေ့မွန်းလွဲပိုင်း တွင်   နေပြည်တော်ရှိ  အဆိုပါ ဝန်ကြီးဌာန  ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့  ဟိုတယ်နှင့် ခရီးသွားလာရေး  ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊   ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊      အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ  အမြဲတမ်းအတွင်းဝန်နှင့်  ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိ သူများ          တက်ရောက်ကြပြီး နေပြည်တော်နှင့်  တိုင်းဒေသကြီး၊ ပြည်နယ်ရုံးခွဲများမှ  သင်တန်း သား       သင်တန်းသူများက   Hybrid    စနစ်ဖြင့်    တက်ရောက် ကြသည်။


ဦးစွာ သင်တန်းသား သင်တန်း သူ    အမှုထမ်းငယ်များအနေနှင့် မိမိတို့ လေ့လာသင်ယူခဲ့သော ပညာ ရပ်များကို လက်တွေ့လုပ်ငန်းခွင် တွင် ထိထိရောက်ရောက်  အသုံးချ သွားရန်လိုအပ်ကြောင်း၊ ဝန်ထမ်း များ၏ စွမ်းဆောင်ရည်တိုးတက် မြင့်မားရေးအတွက် ဝန်ကြီးဌာနမှ သင်တန်းများ  ဖွင့်လှစ်ပေးနေရုံ သာမက   ပြည်တွင်း၊   ပြည်ပ သင်တန်းများသို့လည်း   စေလွှတ် တက်ရောက်လျက်       ရှိကြောင်း၊ အမှုထမ်းငယ်ဝန်ထမ်းများ အနေ ဖြင့် မိမိတို့၏ အရည်အသွေးများ အမြဲတိုးတက်နေစေရန် စဉ်ဆက် မပြတ်လေ့လာ  ဆည်းပူးကြရန် နှင့်   နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာစေရန် ခံယူချက်ထား၍ ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွား ကြရန်   တိုက်တွန်းပြောကြား သည်။


အဆိုပါ “ဌာနတွင်းရုံးလုပ်ငန်း စွမ်းဆောင်ရည်   မြှင့်တင်ရေး သင်တန်း”ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက် အထိ  ရက်သတ္တ  လေးပတ်ကြာ ဖွင့်လှစ်ခဲ့ပြီး         သင်တန်းသား သင်တန်းသူ  ၁၄၁ ဦး တက်ရောက် ကြသည်။
အခမ်းအနား      အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်   အဖွဲ့ သည် ဝန်ကြီးဌာန ရုံးအဆောက် အအုံပရဝဏ်         အတွင်းအပြင် သန့်ရှင်းသာယာ   လှပရေးနှင့် မီးဘေးအန္တရာယ်        ကြိုတင် ကာကွယ်ရေးအတွက်  ဝန်ထမ်း များ စုပေါင်းဆောင်ရွက်နေမှုများ ကို  ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။                


သတင်းစဉ်