
နေပြည်တော် ဩဂုတ် ၁၀
ဟိုတယ်နှင့်ခရီးသွားလာရေးကဏ္ဍ ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနနှင့်အတူ မြန်မာ နိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်အပါအဝင် ညီနောင် အသင်းအဖွဲ့များက ယုံကြည်မှုဖြင့် တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ် ကြောင်း၊ ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်ရေး အတွက် ဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိနိုင် ကြောင်း၊ သို့ရာတွင် ရရှိလာသည့်အခွင့်အရေးများ ကို လက်လွတ်မှုမရှိအောင် ရယူဆောင်ရွက်ခြင်းနှင့် အခက်အခဲများကို ဝိုင်းဝန်းလက်တွဲ ဖြေရှင်းခြင်းဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင် အသင်းများမှဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို အွန်လိုင်းစနစ်ဖြင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လတ်တလောတွင် အထူးလေယာဉ်ဖြင့် ကော့သောင်း လေဆိပ်သို့လာရောက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်အညီ ကျွန်းစုများသို့ တိုက်ရိုက်သွားရောက်လည်ပတ်မည့် စက်တပ် ရွက်လှေခရီးစဉ်များကို လာမည့်အောက်တိုဘာလမှ စတင်၍ ဆောင်ရွက်နိုင်ရေးအတွက် အထက်ဌာနသို့ တင်ပြပြီး သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်း ခရီးစဉ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ရပ်တန့်နေ သော စက်တပ်ရွက်လှေ ခရီးသွားလုပ်ငန်းများ ပြန်လည်ရှင်သန်ရေး အစီအစဉ်ကောင်းတစ်ရပ်ဖြစ် ပြီး ဒေသခံများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း များ ပြန်လည်ရရှိလာနိုင်မည်ဖြစ်ကြောင်း။
ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို လည်း မျက်ခြည်မပြတ် ပါဝင်ပူးပေါင်းဆောင်ရွက် သွားရန်နှင့် ဩဂုတ် ၂၄ ရက်မှ ၂၆ ရက်အထိ ကျင်းပ မည့် CLMVT Forum 2021 Webinar သို့ ပုဂ္ဂလိက အသင်းအဖွဲ့များမှ ပါဝင်တက်ရောက်နိုင်ရေး ချိတ်ဆက် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အွန်လိုင်းမှ တက်ရောက်လာကြသည့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အပါအဝင် ညီနောင်အသင်းအဖွဲ့များမှဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ က ခရီးစဉ်ဒေသဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ Destination Management Organizations (DMOs) များတွင် မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်း မှ ကိုယ်စားလှယ်များ ထည့်သွင်းဖွဲ့စည်းရန် လိုအပ်မှု အခြေအနေ၊ ခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရေး အတွက် သင့်တော်သည့် ခရီးစဉ်ဒေသရွေးချယ်ရန် လိုအပ်မှုအခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်များ တွင် နေ့ချင်းပြန်ခရီးစဉ်များ ဖော်ဆောင်နိုင်ရေး အခြေအနေ၊ ခရီးသွားကုမ္ပဏီများ ပြန်လည်ထူထောင် ရပ်တည်နိုင်ရေး လိုအပ်မှုအခြေအနေများကို သက်ဆိုင် ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်