
နေပြည်တော် ဧပြီ ၁၂
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနတွင် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် အကြိုအခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပ သည်။
အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်တောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်း ဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ ဟိုတယ် နှင့်ခရီးသွား အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။
အခမ်းအနားတွင် ပြည် ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ပင်ပန်းမှု များ ပြေပျောက်၊ စိတ်အပန်းပြေ စေရန်နှင့် နှစ်သစ်ကူး အကြို ပျော်ရွှင်မှုများ ရရှိစေရန် ယနေ့ အခမ်းအနားကို ကျင်းပခြင်းဖြစ် ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ် နေပြည်တော် လမ်း လျှောက်သင်္ကြန်တွင် ဝန်ကြီးဌာန ၏ မိသားစု သင်္ကြန်မဏ္ဍပ်တစ်ခု ပါဝင်တည်ဆောက် ဆင်နွှဲသွား မည်ဖြစ်ပြီး စတုဒိသာကျွေးမွေး ဧည့်ခံခြင်း၊ ယိမ်းအဖွဲ့ဖြင့် ကပြ ဖျော်ဖြေခြင်းများ ပါဝင်မည်ဖြစ် သဖြင့် ဝန်ထမ်းမိသားစုများ အားလုံး လာရောက်ပါဝင်ဆင်နွှဲ ကြစေလိုပါကြောင်း၊ နှစ်သစ်တွင် ယနေ့အခမ်းအနားကို တက် ရောက်လာကြသူများ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ ကြောင်း ဆုမွန်ကောင်းတောင်း စကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ကြီးဌာန၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အကြိုအခမ်းအနားသို့ တက် ရောက်လာကြသူများကို သပြေခက် ဖြင့် နှစ်သစ်ကူးအတာရေစင် ပက်ဖျန်းပေးသည်။
ယင်းနောက် ဝန်ကြီးဌာန၏ သင်္ကြန်ယိမ်းအဖွဲ့က ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက် ပြီး ဌာနခွဲများအလိုက် ဝန်ထမ်း များက အဆိုအကများဖြင့် ဖျော်ဖြေတင်ဆက်ကြကာ မြန်မာ့ ရိုးရာ အစားအစာများဖြင့် စတုဒိသာကျွေးမွေး ဧည့်ခံကြ သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဝန်ကြီးဌာနယိမ်းအဖွဲ့နှင့် အက နည်းပြဆရာမကို အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်