ဟိုပုံးမြို့နယ်တွင် (၃၅)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆွမ်းဆက်ကပ်လှူဒါန်း

 

ဟိုပုံး  နိုဝင်ဘာ ၈


ရှမ်းပြည်နယ်(တောင်ပိုင်း)  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ  ဟိုပုံးမြို့နယ်တွင်  (၃၅)  နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန   နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ဝန်ထမ်း မိသားစုများက နိုဝင်ဘာ ၈ ရက် နံနက် ၁၀ နာရီက ပင့်သံဃာတော်အရှင်သူမြတ်များအား      နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။


ရှေးဦးစွာ  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးခွန်ရဲထွေးနှင့် ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊          ဒေသအဆင့်ဌာနဆိုင်ရာများက ဆရာတော်     သံဃာတော်များအား    ဩကာသ ကန်တော့ချိုးဖြင့်    ရှိခိုးကန်တော့၍   ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလနှင့် ပရိတ်တရား တော်များ  ခံယူဆောက်တည်ကြသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့  အတွင်းရေးမှူး ဦးတင်ထူးမောင်တို့က ဆရာတော်  သံဃာတော်များ အား လှူဖွယ်ဝတ္ထုနှင့် နဝကမ္မဝတ္ထုငွေများ  ဆက်ကပ် လှူဒါန်းပြီးနောက်        လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ     အမျှပေးဝေခဲ့ကြကြောင်း       သိရ သည်။


ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ      ဦးခွန်ရဲထွေးနှင့်ဇနီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေး အဖွဲ့  အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့် တာဝန်ရှိ သူများက ဆရာတော် သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ   အထွေထွေအုပ်ချုပ်ရေး  ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် နိုဝင်ဘာ ၇ရက်က (၃၅)နှစ်မြောက်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗလာမပါ ကံစမ်းမဲများ ဖောက်၍ အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။


ပအိုဝ်းဒေသ(ပြန်/ဆက်)