ဟိုပုံးမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမပေါ်သို့ မြေစာပြိုကျမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး

 

ဟိုပုံး     ဩဂုတ်   ၁၀


ရှမ်းပြည်နယ်တောင်ပိုင်း   ပအိုဝ်း ကိုယ်ပိုင်     အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် စငေါကျေးရွာ  အုပ်စုအတွင်းရှိ       စငေါ-စအွန် ကျေးရွာချင်းဆက်      လမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  လမ်းမပေါ်သို့ မြေစာပြိုကျခြင်းနှင့် Box Culvert တစ်စင်းပြိုကျမည့် အခြေအနေများကို  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း နှင့်   တာဝန်ရှိသူများက  ယနေ့ နံနက်   ၈  နာရီက   ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း   သိရ သည်။

 


ဟိုပုံးမြို့နယ်တွင်   ဩဂုတ်    ၈    ရက်က     မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်    စငေါကျေးရွာ အုပ်စုအတွင်းရှိ     စငေါ-စအွန် ကျေးရွာ ချင်းဆက်လမ်း မိုင်တိုင် ၂၆  မှ  မိုင်တိုင်  ၂၇  ကြားတွင် မြေစာပြိုကျမှု ဖြစ်ပွားပြီး  Box Culvert      တစ်စင်းပြိုကျမည့် အခြေအနေ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် စအွန်-ခိုလပ်ကျေးရွာချင်းဆက် လမ်းတွင် တောင်ပြိုကျမှုကြောင့် ကျေးရွာချင်းဆက်   လမ်းပေါ်သို့ မြေစာပြိုကျမှုများ ဖြစ်ပွားလျက် ရှိပြီး           မော်တော်ယာဉ်များ သွားလာ၍မရသဖြင့်      မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် နယ်စပ်ဒေသနှင့်   တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ   မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံး၊    မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊      မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ၊      သက်ဆိုင်ရာ      ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများက   သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး    လိုအပ်သည်များ   ပေါင်းစပ် ညှိနှိုင်း       ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပအိုဝ်းဒေသ(ပြန်/ဆက်)