
ဟိုပန် စက်တင်ဘာ ၁၇
ဟိုပန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ အား “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီက သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဟိုပန်မြို့နယ်ပြည်သူ့ ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်လူနာများအား ကုသမှု ပေးနိုင်ရန်အတွက် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ် ရေးအဖွဲ့ရန်ပုံငွေကျပ် သိန်း ၇၀ ဖြင့် ဆောင်ရွက်ပြီးစီးပြီးဖြစ်သည့် အောက်ဆီဂျင် ပိုက်လိုင်းများ သွယ်တန်းထားရှိမှု အခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ အရေးပေါ်လူနာ များ သီးသန့်ထားရှိကုသမည့် အခန်းများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ပြည့်ကိုကိုက လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ်ခန်းမ သို့ သွားရောက်၍ ကိုဗစ် - ၁၉ ရောဂါလူနာများ ထားရှိကုသမှုပေး နိုင်ရန် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
ဝဏ္ဏကျော် ထင်စဝ်ခွန်ဆမ်ခန်းမ၌ အခြား ဒေသမှ ဟိုပန်မြို့သို့ ပြန်လည် ဝင်ရောက်မည့် ဒေသခံပြည်သူ များ၊ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ သံသယလူနာများအား RDT (Test kit) ဖြင့် စစ်ဆေး၍ ရောဂါတွေ့ရှိသူများကို ထားရှိကုသ ပေးမည်ဖြစ်ကာ ယခင်က ၄၂ ဦး သာ ထားရှိကုသမှုပေးနိုင်သော် လည်း ယခုအခါ ၇၂ ဦးအထိ ထားရှိ ကုသမှုပေးနိုင်မည်ဖြစ်သည်။ ထို့ နောက် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ဟိုပန် မြို့မအားကစားကွင်းသို့သွားရောက် ၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများ ထားရှိမှုအခြေအနေကို သွားရောက်ကြည့်ရှုကြောင်း သိရ သည်။
ခရိုင်(ပြန်/ဆက်)