ဟိုပန်မြို့၌ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥပဒေရုံးသစ်အဆောက်အအုံသစ်ဖွင့်

 

ဟိုပန်  မေ  ၇


“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥပဒေရုံးသစ်အဆောက်အအုံ ဖွင့်ပွဲကို  ဟိုပန်မြို့ ရုံးကုန်းရပ်ကွက်ရှိ အဆိုပါရုံးသစ်၌  မေ ၇ ရက်က ကျင်းပ ရာ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ် က အမှာစကားပြောကြားပြီး တိုင်းဥပဒေအရာရှိဦးခေါဘောမ်က ရုံးသစ် ဆောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 


ထို့နောက် ရုံးသစ်ကို ဥက္ကဋ္ဌဦးညီနပ်၊ အဖွဲ့ဝင်ဦးကျင်ဝမ်းနှင့်  တိုင်း ဥပဒေအရာရှိ ဦးခေါဘောမ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး  ရုံးသစ် အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။အဆိုပါ ရုံးသစ်သည် အလျား ပေ ၉၀၊  အနံ  ၅၅ ဒသမ ၅ ပေ၊ အမြင့် ၁၂ ပေရှိ အာစီတစ်ထပ် အဆောက်အအုံဖြစ်ပြီး ခွင့်ပြုငွေကျပ် ၁၃၄ ဒသမ ၅ သန်းဖြင့် Royal Moe Myat  Thu  ကုမ္ပဏီက  တာဝန်ယူဆောက်လုပ်ခဲ့ကြောင်းသိရ သည်။                    

 

ခရိုင်(ပြန်/ဆက်)