
လော့စ်အိန်ဂျလိစ် ဩဂုတ် ၁၉
အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီပြည်နယ် မော်ဝီ တောမီးကြောင့် ဩဂုတ် ၁၈ ရက်အထိ သေဆုံးသူ ၁၁၄ ဦး ရှိလာခဲ့ပြီး သဘာဝဘေးအန္တရာယ် ဖြစ်ပွား သည့် ဧရိယာ၏ ၆၀ ရာခိုင်နှုန်းကျော်တွင် ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အာဏာပိုင်များ က ပြောသည်။
သဘာဝဘေးဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူ အရေအတွက်မှာ နေ့စဉ်တိုးလာမည်ဟု ခန့်မှန်းရပြီး ဒုက္ခသည်များကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ဟာဝိုင်ယီပြည်နယ်အုပ်ချုပ်ရေးမှူး ဂျို့ရှ် ဂရင်းက ရုပ်မြင်သံကြား မိန့်ခွန်းတစ်ရပ်တွင် ပြောကြား ခဲ့သည်။
အဆောက်အအုံပေါင်း၂၂၀၀ ကျော်နှင့် နောက်ထပ် အိမ်ခြေ ၅၀၀ ပျက်စီးခဲ့သဖြင့် ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၆ ဘီလီယံနီးပါးရှိကြောင်း၊ မော်ဝီတွင် ပျက်စီးဆုံးရှုံးမှု၏ အတိုင်းအတာကို စကားလုံးများ ဖြင့် ဖော်ပြရန်ပင်ခက်ခဲကြောင်း ပြည်နယ်အုပ်ချုပ် ရေးမှူးက ပြောကြားသည်။
ယခုအခါ ရှာဖွေကယ်ဆယ်ရေးလုပ်သား ၄၇၀ ခန့်နှင့် ရှာဖွေရေးခွေး ၄၀ ခန့်က မီးလောင်ခံရသော အဆောက်အအုံများကို ဝင်ရောက်စစ်ဆေးမှုများဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။
ဆင်ဟွာ