
ဖလော်ရီဒါ စက်တင်ဘာ ၃၀
ဟာရီကိန်းမုန်တိုင်း အီရန်သည် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်တောင်ပိုင်းကို ဝင်ရောက်ခဲ့ရာ လူ ၁၉ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အမေရိကန် ရုပ်သံလိုင်းတစ်ခုဖြစ်သည့် စီအင်န်အင်န်တွင် သတင်းဖော်ပြခဲ့သည်။
ဟာရီကိန်းမုန်တိုင်း အီရန်သည် ဖလော်ရီဒါ ပင်နီဆူလာဒေသကို ဖြတ်ကျော်ခဲ့ပြီး အတ္တလန္တိတ်ကို ဖြတ်၍ မြောက်ဘက်သို့ ရွေ့လျားသွားကြောင်း အမေရိကန်မိုးလေဝသအာဏာပိုင်များက ပြော ကြားခဲ့သည်။
ဟာရီကိန်းမုန်တိုင်း အီရန်သည် အဆောက်အဦ များကို ဖျက်ဆီးခဲ့ပြီး လမ်းများကို ရေလွှမ်းမိုးနစ် မြုပ်စေခဲ့သည်။ ထို့ပြင် အိမ်ခြေနှစ်သန်းကျော်နှင့် စီးပွားရေးလုပ်ငန်းများတွင်လည်း လျှပ်စစ်မီးများ ပြတ်တောက်ခဲ့သည်။
ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီ ဆန်းတစ်က သေဆုံးသူအရေအတွက် တိုးလာမည့် အပေါ် စိုးရိမ်ကြောင်းဖော်ပြခဲ့သည်။
ဟာရီကိန်းမုန်တိုင်း အီရန်သည် တောင်ကာရို လိုင်းနားသို့ မကြာမီကျရောက်မည်ဖြစ်ကြောင်း မိုးလေဝသအရာရှိများက သတိပေးပြောကြားခဲ့ သည်။
အင်န်အိတ်ချ်ကေ