
ဝါရှင်တန် ဧပြီ ၃၀
ဟားမားစ်တို့ဖမ်းဆီးထားသည့် ဓားစာခံများပြန်လွတ်အောင် ကူညီပေးရန် အီဂျစ်နှင့် ကာတာခေါင်းဆောင် များကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တိုက်တွန်းလိုက်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အီဂျစ် သမ္မတ အက်ဘ်ဒယ် ဖာတာ အယ်လ်စီစီ၊ ကာတာ စော်ဘွား ရှိတ်တာမင်ဘင်ဟာမက်အယ်လ် သာနီတို့နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည် ဟု အိမ်ဖြူတော်က တနင်္လာနေ့တွင် ကြေညာ ခဲ့သည်။
သဘောတူညီချက်များပါဝင်သည့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သတ်မှတ်ချက်များကို အကောင် အထည်ဖော်နိုင်ရန် အမေရိကန်ပြည်ထောင်စုသည် အီဂျစ်၊ ကာတာတို့နှင့် လက်တွဲလုပ်ဆောင်သွား မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကို အရှေ့အလယ်ပိုင်းသို့စေလွှတ်ခဲ့ပြီး စေ့စပ်ညှိနှိုင်း ဆွေးနွေးမှုများ ရှေ့ဆက်လုပ်ဆောင်နိုင်ရန် ကြိုးစားလျက်ရှိသည်။
အင်န်အိတ်ချ်ကေ