
ဂါဇာ ဒီဇင်ဘာ ၂၂
ဂါဇာအလယ်ပိုင်းရှိ ဟားမားစ် ခေါင်းဆောင်တို့ မကြာခဏအသုံး ပြုလေ့ရှိသော အဆောက်အအုံ နှင့် ဆက်သွယ်ထားသော ဥမင် လိုဏ်ခေါင်းကွန်ရက်ကို ဖျက်ဆီး ပြီးဖြစ်ကြောင်း အစ္စရေးတပ်ဖွဲ့က ပြောသည်။
ဥမင် လိုဏ်ခေါင်းများသည် ဘန်ကာများနှင့် တိုက်ခန်းများ အောက်ရှိ ပုန်းခိုရာနေရာများကို ဆက်သွယ်ထားကြောင်း အစ္စရေး တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ် ဟာဂရီက ဒီဇင်ဘာ ၂၁ ရက်တွင် ပြောသည်။ သိသာ ထင်ရှားသည့် အခြေခံအဆောက် အအုံများကို ဖျက်ဆီးခြင်းဖြင့် ဟားမားစ်အဖွဲ့၏ မဟာဗျူဟာ မြောက် လုပ်ဆောင်နိုင်မှုများကို ဆုံးရှုံးစေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
မြေအောက် ဥမင်လိုဏ်ခေါင်း ကွန်ရက်ကို ဟားမားစ်အဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင်များ အသုံး ပြုခဲ့သည်ဟု ဒီဇင်ဘာ ၂၀ ရက် တွင် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ အစ္စရေးတပ်ဖွဲ့ဝင် များသည် ဂါဇာမြောက်ပိုင်းနှင့် ဂါဇာတောင်ပိုင်းတို့တွင် ၎င်းတို့ ၏ မြေပြင်ထိုးစစ်ဆင်မှုများ ကို အရှိန်မြှင့်တင်လျက်ရှိသည်ဟု ဟာဂရီက ပြောသည်။
အပစ်အခတ် ရပ်စဲမှု သက်တမ်း ကုန်ဆုံးပြီးနောက် ၎င်းတို့သည် ဟားမားစ်တိုက်ခိုက် ရေးသမား ၂၀၀၀ ကို ဖယ်ရှား ရှင်းလင်းပြီးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ ဂါဇာတောင်ပိုင်း ခန်ယူနစ်တွင် အစ္စရေးတပ်ဖွဲ့ဝင် အရေအတွက်ကို တိုးမြှင့်ခဲ့ပြီး မြေပြင်တိုက်ပွဲများကို အာရုံ စိုက်ထားကြောင်း ၎င်းက ဆက် ပြောသည်။ ဂါဇာမှ အစ္စရေးနိုင်ငံ အလယ်ပိုင်းသို့ ဦးတည်ကာ ဒုံးကျည်များ ပစ်ခတ်ခံရကြောင်း ဒီဇင်ဘာ ၂၁ ရက်က အစ္စရေး မီဒီယာများတွင် ဖော်ပြကြသည်။ အချို့ဒုံးကျည်များကို အစ္စရေး နိုင်ငံ၏ အကြီးဆုံးစီးပွားရေး မြို့တော် တဲလ်အဗီးမြို့သို့ ဦးတည် ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အင်န်အိတ်ချ်ကေ