ဟားခါးတပ်နယ် အခြေခံပညာမူလတန်းလွန်ကျောင်း၌ အနွေးထည်များ ထောက်ပံ့ပေးအပ်

 

ဟားခါး    ဧပြီ   ၂၄
ဟားခါးတပ်နယ် အခြေခံပညာ မူလတန်းလွန်ကျောင်းရှိ   ဆရာ  ဆရာမများနှင့်   ကျောင်းသား  ကျောင်းသူများအတွက်   အနွေး ထည်    ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဧပြီ ၂၃ ရက်က   အဆိုပါကျောင်းရှေ့၌  ကျင်းပရာ   ချင်းပြည်နယ်        ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး    ဗိုလ်မှူး ကြီး  ဟန်ဝင်းအောင်၊   လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး  ရဲမှူးကြီး     စိုးလွင်မိုး၊ ဗိုလ်မှူးကြီး စောထွန်း နှင့် ဆရာ ဆရာမများ၊ ကျောင်းသား  ကျောင်းသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ  ပြည်နယ်ဝန်ကြီး ချုပ်က ကျောင်းသား ကျောင်းသူ များအား  လာမည့်   ဇွန်လတွင် ကျောင်းပြန်လည် ဖွင့်လှစ်တော့ မည်ဖြစ်၍ ယခုအချိန်၌ပင် စာများ ကြိုတင်ဖတ်ရှုလေ့လာရန်  ဆရာ ဆရာမများကလည်း ကျောင်းသား ကျောင်းသူများအား    ဝိုင်းဝန်း ကူညီ      သင်ကြားပေးရန်နှင့် ကျောင်းသား   ကျောင်းသူများ အနေဖြင့် အားလပ်သည့်အချိန် များတွင် ဖုန်းနှင့် ဂိမ်းဆော့ခြင်း များကို မပြုလုပ်ဘဲ မိမိတတ်နိုင် သလောက် မိဘအလုပ် ဝိုင်းဝန်း ကူညီရန်   တိုက်တွန်းအားပေး စကားပြောကြားပြီး    ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ စစ်ဗျူဟာမှူး၊    လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၏    ဇနီး ဒေါ်သိန်းသိန်းမော်နှင့်   နယ်စပ် ဒေသ  တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး    ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးမင်းအုန်း တို့က  ဆရာ  ဆရာမများနှင့် ကျောင်းသား  ကျောင်းသူများအား အနွေးထည်များ     ပေးအပ်ကြ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီး ချုပ်သည် သင်္ကြန်ကာလအတွင်း လုံခြုံရေး   ဆောင်ရွက်နေခဲ့သော တပ်မတော်သားများအား ဂုဏ်ပြု သည့်အနေဖြင့်     ကျင်းပသည့် မိတ်ဆုံစားပွဲသို့ တက်ရောက်ရာ ဗိုလ်မှူးကြီး စောထွန်းက နှုတ်ခွန်း ဆက်စကား        ပြောကြားပြီး     ပြည်နယ်ဝန်ကြီးချုပ်က   အမှာ စကားပြောကြားကာ တပ်မိသားစု ဝင်များ၏    ကပြဖြေဖျော်မှုကို ကြည့်ရှုအားပေး၍ ထောက်ပံ့ငွေ များ ပေးအပ်ချီးမြှင့်ကြောင်း သိရ သည်။          

  ခရိုင် (ပြန်/ဆက်)