ဟားခါးပြည်သူ့ဆေးရုံကြီး၌ ပထမဆုံးအကြိမ် ဦးနှောက်အတွင်း အကျိတ်တည်သည့် လူနာတစ်ဦးအား ခွဲစိတ်မှုအောင်မြင်

 

ဟားခါး   ဧပြီ     ၁၉


ဟားခါးမြို့ ခုတင်(၂၀၀)  ဆံ့ ပြည်သူ့ဆေးရုံကြီး ၌    ခွဲစိတ်အထူးကုဆရာဝန်ကြီး   ဒေါက်တာ ဇေယျာဦး     ဦးဆောင်သည့်အဖွဲ့က   ဦးနှောက် အတွင်း အကျိတ်တည်သည့် အသက် ၂၉ နှစ်ရှိ အမျိုးသားလူနာတစ်ဦးကို ဧပြီ ၃ ရက်တွင် ခွဲစိတ်ခဲ့ရာ ခွဲစိတ်မှုအောင်မြင်ခဲ့သည့်အတွက် ဟားခါးမြို့ပြည်သူ့ဆေးရုံ၌ ပထမဆုံးအကြိမ် ဦးနှောက်အတွင်း အကျိတ်တည်ခြင်းကို ခွဲစိတ် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 


အဆိုပါ ဦးနှောက်အတွင်း အကျိတ်တည် သည့် လူနာအား ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီး မှ ခွဲစိတ်အထူးကုဆရာဝန်ကြီးနှင့်အဖွဲ့က ဧပြီ ၃ ရက် နံနက် ၁၁ နာရီ မှ ညနေ ၃ နာရီအထိ လေးနာရီကြာ ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန် ရှိသူတစ်ဦးထံမှ သိရသည်။

 


ယင်းလူနာသည် ယခုအခါ  ကျန်းမာရေး ကောင်းမွန်လျက်ရှိကာ   မကြာမီ   ဆေးရုံမှ ဆင်းနိုင်မည်ဖြစ်ကြောင်းနှင့်     ၎င်းသည် ထန်တလန်မြို့နယ်မှ လာရောက်ဆေးကုသခြင်း ဖြစ်ကြောင်း သိရသည်။

ဆလိုင်း( ဇလပ်မြေ)