
ဟားခါး ဒီဇင်ဘာ ၆
ချင်းပြည်နယ် ဟားခါးမြို့၌ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အထိမ်းအမှတ် အခမ်း အနားကို ဒီဇင်ဘာ ၃ ရက်က ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် (ကိုယ်စား)၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင် တက်ရောက် အမှာ စကား ပြောကြားသည်။
ပြည်နယ်လူမှုရေးရာဝန်ကြီး က မြန်မာနိုင်ငံတွင် မသန်စွမ်း သူများ မှတ်ပုံတင်ရေး ဆောင်ရွက် လျက်ရှိသည့် မြို့နယ် ၄ မြို့နယ် ရှိပြီး မသန်စွမ်းသူများ မဲပေးနိုင် ရေး အတားအဆီးမဲ့စွာဆောင်ရွက် လျက်ရှိပါကြောင်း၊ ၂၀၂၂−၂၀၂၃ ခု ဘဏ္ဍာရေးနှစ်၊ တတိယသုံးလ ပတ်အတွင်း မသန်စွမ်းမှု အမျိုး အစားအလိုက် အသိပညာပေး ခြင်းနှင့် အထူးလိုအပ်လျက်ရှိ သော ကလေးများ အသိပညာပေး သင်တန်းကို ဖလမ်းမြို့နယ်တွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ လူမှု ဝန်ထမ်းဦးစီးဌာနမှ (Vocational Training) သင်တန်းများတွင် မသန်စွမ်းသူများ တက်ရောက် သင်ကြားနိုင်ရေး ဆက်စပ်ဌာန များနှင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယခင်နှစ်များတွင် CERP အရ ချင်းပြည်နယ်အတွင်း တစ်ဦးလျှင် ကျပ် ၃၀၀၀၀ ဖြင့် မသန်စွမ်းသူဦးရေ ၆၁၃၀ ကို ထောက်ပံ့ ပေးနိုင်ခဲ့ပါကြောင်း၊ မသန်စွမ်းသူများအတွက် နိုင်ငံ တော်မှ ဆောင်ရွက်ပေးလျက်ရှိ သော လုပ်ငန်းစဉ်များ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာ ပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း ဖြင့် ယခုနှစ် ဆောင်ပုဒ်အရ ပြည်နယ်အတွင်းရှိ မသန်စွမ်းသူ များအတွက် “အားလုံး လက်လှမ်း မီ ညီမျှရေး ဆောင်ရွက်ပေးကြစို့” ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာ ကြသူများကို မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ UN Mess- age နှင့် Video Clip များ ဖွင့်လှစ် ပြသပေးသည်။ ယင်းနောက် မသန်စွမ်းသူများကို ပြည်နယ်လူမှု ရေးရာဝန်ကြီးနှင့် တက်ရောက် လာကြသည့်ဌာနဆိုင်ရာ တာဝန်ရှိ သူများက အမှတ်တရလက်ဆောင် များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)