ဟားခါးမြို့တွင် အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်

ဟားခါး                   အောက်တိုဘာ                

အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် အခမ်းအနားကို အောက်တိုဘာလ ရက်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်ပရာ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး ပြည်နယ် ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဟားခါးမြို့ ဗေသလဘိုးဘွားရိပ်သာမှ သက်ကြီးပုဂ္ဂိုလ်များ တက် ရောက်ကြသည်။

 ဦးစွာ ချင်းပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးက ၁၉၉၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၄ ရက် နေ့တွင် ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် အောက်တိုဘာလ ရက်နေ့ ကို အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ခြင်းဖြစ်ရာ ယခုဆိုလျှင် (၃၄)နှစ်ရှိပြီဖြစ်ကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ၂၀၃၀ ပြည်နှစ်အရောက်တွင် သက်ကြီးပုဂ္ဂိုလ်အရေ အတွက်သည် လူငယ်ဦးရေထက် ပိုမိုများပြားလာမည်ဟု ခန့်မှန်းထားရာ ကျွန်ုပ်တို့၏ကမ္ဘာကို သက်ကြီးသူတို့ကမ္ဘာဟု တင်စားခေါ်ဆိုနေကြပြီး မြန်မာနိုင်ငံတွင် အသက်(၆၀)နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ်ပါဝင်မှုရာခိုင်နှုန်းသည် ၁၉၇၃ ခုနှစ်က ရာခိုင်နှုန်းရှိရာမှ ၂၀၁၉ ခုနှစ်တွင် ၁၀ ဒသမ ရာခိုင်နှုန်းတိုးလာသည်ကို တွေ့ရှိရပါကြောင်း မြန်မာနိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေ (၂၀၁၆) နှင့် နည်းဥပဒေများ (၂၀၂၂) ကို ပြဌာန်းခဲ့ပြီးဖြစ်ရာ သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် အဆိုပါဥပဒေအရ သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ အခွင့်အရေးများကို ခံစားနိုင်မှာဖြစ်ကြောင်း ထို့ကြောင့် ကျွန်ုပ်တို့၏ ဘိုးဘွား၊ မိဘများကို စိတ်ထောင်းကိုယ်ကြေ၊ အိုဇာတာကံစေသူများမဖြစ်စေ ဘဲ စိတ်ပျိုကိုယ်နု ဇရာကို အံတုနိုင်သူများဖြစ်စေရန် အတတ်နိုင်ဆုံး အားပေးမြှင့်တင် ဖြည့်ဆည်းရေး မှာ နိုင်ငံတော်အစိုးရနှင့် မျိုးဆက်သစ်တို့၏ တာဝန်ဖြစ်ပါကြောင်းဖြင့် အမှာစကားပြောကြားသည်။  ထို့နောက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာနှင့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ် ဗီဒီယိုကို ပြသသည်။

          ယင်းနောက် ဟားခါးမြို့ ဗေသလဘိုးဘွားရိပ်သာအတွက် လှူဒါန်းငွေနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဘိုးဘွားများအတွက် လှူဒါန်းသောဆေးဝါးများကို ပြည်နယ်လူမှုရေးရာ ဝန်ကြီး ဦးဝင်းဇော်ဦးက ပေးအပ်ရာ ဟားခါးမြို့ ဗေသလဘိုးဘွားရိပ်သာ ဂေဟာမှူးနှင့် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးနေဝါထွန်းတို့က လက်ခံရယူရာ ပြည်နယ်လူမှုရေးရာ ဝန်ကြီး ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မိခင်နှင့်ကလေးအသင်းအဖွဲ့ နှင့် အမျိုးသမီးရေးရာအဖွဲ့တို့က သက်ကြီးပုဂ္ဂိုလ် ( ၂၀ ) ဦးအား ဂါရဝပြုထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။

 ကိုဆလိုင်း