
ဟားခါး ဒီဇင်ဘာ ၂၉
ချင်းပြည်နယ် ဟားခါးမြို့ရှိ အငြိမ်းစားဝန်ထမ်းများ အတွက် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် သက်သာချောင်ချိရေး ထောက်ပံ့ပေးခြင်း အခမ်း အနားကို ဒီဇင်ဘာ ၂၈ ရက် နံနက် ၉ နာရီက ဟားခါး မြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ် ဒေါက်တာဝုန်ဆွန်းထန် တက်ရောက်ကြည့်ရှု အားပေးသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ဟားခါးမြို့ရှိ သမားတော် ကြီးများ၊ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ က အငြိမ်းစားဝန်ထမ်းများအား သွားကျန်းမာရေး အပါအဝင် အထွေထွေကျန်းမာရေးစစ်ဆေး ဆောင်ရွက်ပေးနေမှုများကို လိုက်လံကြည့်ရှုပြီး ယခု အငြိမ်းစားဝန်ထမ်းများမှာ ခေတ်အဆက်ဆက် တိုင်းပြည်တာဝန်များကို ကိုယ်စွမ်း ၊ ဉာဏ်စွမ်းရှိသမျှ ကျေပွန်စွာထမ်းဆောင်ခဲ့သူများ ဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ပြည်နယ်အစိုးရအဖွဲ့က တတ်နိုင်သမျှ စီစဉ်ဆောင် ရွက်ပေးရခြင်းဖြစ်ကြောင်း နှုတ်ဆက်အားပေးစကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက အငြိမ်းစားဝန်ထမ်းများကို အခြေခံ စားသောက်ကုန်များ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများကို တစ်ဦးချင်း ပေးအပ်ကြသည်။
ယနေ့ကျင်းပသည့် အစီအစဉ်တွင် ဟားခါးမြို့ရှိ အငြိမ်းစားဝန်ထမ်း ၂၄၀ ခန့်အား ကျန်းမာရေးစစ်ဆေး ပေးခဲ့ပြီး အခြေခံစားသောက်ကုန်များနှင့် ကျန်းမာ ရေးသုံးပစ္စည်းများအပြင် အငြိမ်းစားဝန်ထမ်းတစ်ဦး လျှင် ငွေကျပ် ၂၀၀၀၀ စီ ထောက်ပံ့ပေးအပ်သည်။
ချင်းပြည်နယ်အတွင်းရှိ ကျန်ရှိသည့်ခရိုင်၊ မြို့နယ်များတွင်လည်း အလားတူအစီအစဉ်များ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)