
ဟားခါး စက်တင်ဘာ ၄
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက ဟားခါးမြို့ရှိ ဝမ္မသူးမောင်အားကစား ကွင်း မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းခြင်း လုပ်ငန်း၊ ကီယိုမန်းအားကစားကွင်း အဆင့်မြှင့်တင် ခြင်းလုပ်ငန်းနှင့် ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် အောက်ဆီဂျင်စက်ရုံတည်ဆောက်မှုအခြေအနေများကို ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝမ္မသူးမောင်အားကစားကွင်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့် နှင့် ပြီးစီးမှုအခြေအနေများနှင့် အရည်အသွေး စစ်ဆေးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က အသုံးပြုသည့်ပစ္စည်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး ၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ပြီး မီတာ ၄၀၀ ပြေးလမ်းဆောင်ရွက်မှု အခြေအနေကို ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ဝမ္မသူးမောင်အားကစားကွင်း မီတာ ၄၀၀ ပြေးလမ်းခင်းခြင်းလုပ်ငန်းကို ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ် ၁၀၂၉ သန်းဖြင့် REVA Co.Ltd မှ တာဝန်ယူ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေကျပ် ၂၉၄ ဒသမ ၁ သန်းဖြင့် သူရလင်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ကီယိုမန်း အားကစားကွင်း ပေ (၄၀၀ x ၃၀၀ ) အဆင့်မြှင့်တင် ခြင်းလုပ်ငန်းခွင်သို့ရောက်ရှိရာ တာဝန်ခံအင်ဂျင် နီယာက လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ် ချက်များ မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟားခါးမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံတည်ဆောက် နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ စက်ရုံဆောက်လုပ်ရေး တာဝန်ခံက လုပ်ငန်းဆောင် ရွက်မှုအခြေအနေကို လိုက်လံရှင်းလင်းပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်သူ့ဆေးရုံတွင် တပ်မတော်က လှူဒါန်းတပ်ဆင် သည့် အောက်ဆီဂျင် Plant မှ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အလုံး ၃၄ လုံး ထုတ်လုပ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)