ဟားခါးမြို့ပေါ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအားတွေ့ဆုံပွဲနှင့် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဟားခါး  ဇူလိုင်  ၂၃
ဟားခါးမြို့ပေါ်တွင်   တာဝန် ထမ်းဆောင်နေသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်    စာရေးဝန်ထမ်းများ နှင့် မိသားစုဝင်များအား တွေ့ဆုံပွဲ နှင့် ထောက်ပံ့ပေးအပ်ပွဲကို ဇူလိုင် ၂၂ ရက် နံနက် ၁၀ နာရီက ဟားခါး မြို့     ချင်းပြည်နယ်    ရဲတပ်ဖွဲ့ရုံး၌ ကျင်းပရာ  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် ဝန်ကြီးများ၊  ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်၊  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌများ၊ ဟားခါးမြို့ပေါ်တွင်     တာဝန် ထမ်းဆောင်နေကြသော   မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ဝင်၊ စာရေးဝန်ထမ်း များနှင့်       မိသားစုဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးနှင့်  တရားဥပဒေစိုးမိုး ရေး   တာဝန်ထမ်းဆောင်နေကြ သည့်   မြန်မာနိုင်ငံ  ရဲတပ်ဖွဲ့ဝင် များနှင့်     မှီခိုသူ    မိသားစုဝင်များ ၏  သက်သာချောင်ချိရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ      အခါ အားလျော်စွာ ထောက်ပံ့ပေးလျက် ရှိကြောင်း၊    နောင်တွင်လည်း ဆက်လက် စီစဉ်ဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်း၊လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း   မိမိတို့ လုပ်ငန်းတာဝန်များကို ရဲရဲဝံ့ဝံ့နှင့် သစ္စာရှိရှိ ဆောင်ရွက်သွားစေလို ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီး သိန်းထွန်းအောင်နှင့် လမ်းပန်း ဆက်သွယ်ရေးရာဝန်ကြီး   ဦးနေ လင်းအောင်တို့က အားပေးစကား ပြောကြားကြပြီး ပြည်နယ်ဝန်ကြီး ချုပ်နှင့်   ပြည်နယ်ဝန်ကြီးများက ဟားခါးမြို့ပေါ်တွင်       တာဝန် ထမ်းဆောင်နေကြသော  ရဲတပ်ဖွဲ့ ဝင်များနှင့်    မိသားစုဝင်များကို ထောက်ပံ့ပစ္စည်းများ    ပေးအပ် ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်က   အခမ်းအနား တက်ရောက်လာကြ သည့် ရဲတပ် ဖွဲ့ဝင်များနှင့်၎င်းတို့၏  မိသားစုဝင်များအား ရင်းရင်းနှီးနှီး  နှုတ်ဆက်အားပေးစကားပြောကြား သည်။               

ခရိုင်(ပြန်/ဆက်)