ဟားခါးမြို့နှင့် မတူပီမြို့တို့၌ အောက်ဆီဂျင်စက်ရုံများ ဩဂုတ်လအတွင်း တည်ဆောက်မည်

 

ဟားခါး     ဇူလိုင်     ၂၈


ချင်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီစဉ် မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ထိရောက်စွာ ဆောင် ရွက်နိုင်ရန်အတွက် ဟားခါးနှင့် မတူပီမြို့ တို့၌ တစ်ရက်လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့ အလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင် စက်ရုံများ ဩဂုတ်လအတွင်း တည်ဆောက် သွားမည်ဖြစ်သည်။


ချင်းပြည်နယ်အတွင်းရှိ    ပြည်သူ့ဆေးရုံ များတွင်  တပ်ဆင်ထားသည့် အောက်ဆီဂျင် စက်များသည်     အောက်ဆီဂျင်ထုတ်လုပ်မှု စွမ်းအားကျဆင်းလာသည့်အတွက် အောက်ဆီ ဂျင် လိုအပ်ချက်များကို ပခုက္ကူမြို့၊ မုံရွာမြို့နှင့် မန္တလေးမြို့များသို့     သွားရောက်ဖြည့်တင်း အသုံးပြုနေရသည်။


ယခုဟားခါးမြို့နှင့် မတူပီမြို့တို့၌ တပ်ဆင် မည့် အောက်ဆီဂျင်စက်များသည် တစ်ရက် လျှင် အောက်ဆီဂျင်လီတာ ၄၀ ဆံ့အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ၎င်းအောက်ဆီ ဂျင်စက်များ  ထားရှိရန်   ( ၃၀ x ၆၀ x ၁၅ )  ပေ   RC  အဆောက်အအုံ   တစ်လုံးစီကိုပါ ဆောက်လုပ်သွားမည်ဖြစ်သည့်အပြင် အဆိုပါ စက်ရုံများ  တည်ဆောက်ပြီးစီးပါက   ဖလမ်း နှင့်     ထန်တလန်မြို့နယ်တို့က     ဟားခါးမြို့ သို့လည်းကောင်း၊  ပလက်ဝမြို့နယ်က    မတူပီ မြို့သို့လည်းကောင်း လိုအပ်သည့် အောက်ဆီ ဂျင်များ          လာရောက်ဖြည့်တင်းနိုင်မည် ဖြစ်သည်။


ထို့အပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီက      ပလက်ဝမြို့ အတွက်   10  Liter  Permanent Oxygen Concentrator   ၁၀  လုံးနှင့်  ပလက်ဝမြို့နှင့် ဆမီးမြို့တို့အတွက် 25 KVA မီးစက် တစ်လုံးစီ ထောက်ပံ့ပေးခဲ့ရာ    မကြာမီ   ပလက်ဝမြို့သို့ ရောက်ရှိမည်ဖြစ်သည်။ ချင်းပြည်နယ်  စီမံ  အုပ်ချုပ်ရေးကောင်စီ၏ စီစဉ်မှုဖြင့်  ပြည်နယ် အတွင်း      အောက်ဆီဂျင်    လိုအပ်ချက်များ    အထောက်အကူပြု အသုံးပြုနိုင်ရန် အောက်ဆီ ဂျင် ၄၀ လီတာဆံ့ အိုး အလုံး ၃၀၀ ကို မှာယူ ခဲ့ပြီးဖြစ်ကြောင်း သိရသည်။   


ပြည်နယ်(ပြန်/ဆက်)