ဟားခါးမြို့၌ တစ်ရက်လျှင် အောက်ဆီဂျင်အိုးအလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံ စတင်တည်ဆောက်

 

ဟားခါး    ဩဂုတ်    ၁၅


ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်      လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်‌ရေး  အတွက် ချင်းပြည်နယ်      အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့်  တစ်ရက်လျှင် လီတာ ၄၀ ဆံ့        အောက်ဆီဂျင်အိုး အလုံး ၂၀၀       ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံကို  ဟားခါး မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဩဂုတ်လ    ဒုတိယပတ်မှစ၍ စတင်တည်ဆောက်လျက်    ရှိ ကြောင်း သိရသည်။

 


အဆိုပါ အောက်ဆီဂျင်စက်ရုံ သည် ( ၃၀ x ၆၀ x ၁၅ )ပေရှိ RC အဆောက်အအုံ   အမျိုးအစား ဖြစ်ပြီး ယင်းအောက်ဆီဂျင်စက်ရုံ နှင့်    အောက်ဆီဂျင်စက်များကို ချင်းပြည်နယ်    အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့်   ဆောင်ရွက် မည်ဖြစ်သည်။

 


အဆိုပါ အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးစီးပါက တစ်ရက် လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင် အိုး အလုံး ၂၀၀   ထုတ်လုပ်နိုင်မည် ဖြစ်ပြီး ဟားခါးမြို့၏ အောက်ဆီ ဂျင်လိုအပ်ချက်ကို  ဖြည့်ဆည်းပေး နိုင်မည့်အပြင်     ဖလမ်းမြို့နှင့် ထန်တလန်မြို့တို့မှ   အောက်ဆီ ဂျင်များ လာရောက်ဖြည့်တင်းနိုင် မည်ဖြစ်ကြောင်း သိရသည်။

 


အလားတူ   ချင်းပြည်နယ် အစိုးရအဖွဲ့၏     စီစဉ်မှုဖြင့် မတူပီမြို့၌လည်း တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံကို  ဆောက် လုပ်မည်ဖြစ်ကြောင်း  သိရသည်။      


ပြည်နယ်
(ပြန်/ဆက်)