ဟားခါးမြို့၌ နိုင်ငံ့ဝန်ထမ်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးနေ

 

ဟားခါး   ဩဂုတ်  ၂၈


ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ် မှုဖြင့် ဟားခါးမြို့တွင်  တာဝန် ထမ်းဆောင်သည့် နိုင်ငံ့ဝန်ထမ်း များအား  ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီမှစ၍ ဟားခါးမြို့ ဗိုလ်တိုက် ချွန်းခန်းမနှင့် ခိုင်ကမ်းအားကစား ရုံတို့တွင် ဆီနိုဖမ်း ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး    ဒုတိယ အကြိမ် ထိုးနှံပေးသည်။


ကိုဗစ်−၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးနေမှု  အခြေအနေ ကို   ပြည်နယ်ဝန်ကြီးချုပ်   ဦးငွန် ဆန်းအောင်နှင့်     ဌာနဆိုင်ရာ  တာဝန်ရှိသူများက    ကြည့်ရှု အားပေးကြပြီး ပြည်နယ်ဝန်ကြီး ချုပ်က ကာကွယ်ဆေးထိုးနှံပေး သည့်   ကျန်းမာရေးဝန်ထမ်းများ အား ထောက်ပံ့ငွေများ  ပေးအပ် သည်။


ထိုသို့  ကိုဗစ်−၁၉   ရောဂါ ကာကွယ်ဆေး  ဒုတိယအကြိမ် ထိုးနှံခြင်းကို   ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် ပြည်သူ့ ဆေးရုံကြီးတို့မှ     ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်အထူးကု ဆရာဝန်များ၊  ဆေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက ပူးပေါင်း ၍    ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ဟားခါးမြို့ရှိ  နိုင်ငံ့ဝန်ထမ်း များအား  သြဂုတ် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင်  သတ်မှတ်ဆေးထိုး စုရပ်နေရာများတွင် ထိုးနှံပေးမည် ဖြစ်သည်။  


ဆက်လက်၍       ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်   ဟားခါး မြို့ရှိ နေရာလေးနေရာ၌ RDT Test Kit  ဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ         စစ်ဆေးမှု ဆောင်ရွက်သည့်နေရာ များသို့   သွားရောက်ကြည့်ရှုပြီး ကျန်းမာရေး   စစ်ဆေးပေးသည့်   အဖွဲ့များအား   ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။      


ခရိုင် (ပြန်/ဆက်)